Copyright © 2025 All Rights Reserved by Kantarawaddy Times
ဘုိုးဘွားစဉ်ဆက် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းတစ်ခုုတည်းကိုု အဓိကထား လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ ဖရူဆိုမြို့နယ်ထဲက ပလဲလယ်ကျေးရွာသူရွာသားတွေရဲ့ ဘဝအကြောင်းကိုုလည်း တင်ပြပေးထားပါတယ်။https://www.youtube.com/watch?v=VtRd_9YPQ0U&feature=youtu.be&fbclid=IwAR1U1djX1Niy07Fl-Lpp1YdUfPNMR0cQzNj81U1-zIEdD8CpDEMecIKDc2g
ခူးကြူးဖဲကေး (ကရင်နီအမျိုးသား)တိုင်းပြည်ရဲ့ ဒီမိုကရေစီက နုနု၊ မုန်းတိုင်းက ထန်ထန်လို့ ပြောရမဲ့ အချိန်ကာလကို ရောက်နေပြီလိုပဲ ရှေ့ ဦးစွာ သမုတ်ချင်ပါတယ်။ ကရင်နီပြည်နယ်ရဲ့ ၂၀၁၉ ခုနှစ် အကူးအပြောင်းဟာလဲ စိန်ခေါ်ချက်များနဲ့ ရင်ဆိုင်နေရတဲ့ ကာလဖြစ်ပါတယ်။ ပြည်နယ်ရဲ့ ဒီမိုကရေစီစံနှုန်းက နုနု မုန်းတိုင်က ထန်ထန်ပဲ လို့ ပြောရမဲ့ သဘောမှာရှိပါတယ်။အမျိုးသားရေး ဝိသေသ(Identity Politics) နဲ့ ဒီမိုကရေစီ ရဲ့ အခန်းက ထပ်တူကျမှု ရှိသလားလို့ ပြောရင် အချိုးညီတဲ့ ထပ်တူကျမှုလို့ပြောလို့ရပါမယ်။ ကမ္ဘာနိုင်ငံများဟာ အမျိုးသားတန်းတူရေးကို ဦးစွာ ဖြေရှင်းပြီးမှသာ တိုးတက်ရေးကို တက်လှမ်းနိုင်ခဲ့ကြတာကို သိပ်မဝေးလွန်းလှတဲ့ ၁၉ ရာစုနှစ်များ နှင့် ၂၀ ရာစုနှစ်များက သက်သေအခိုင်အမာ ထူပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အမျိုးသားရေး ဝိသေသနဲ့ ဒီမိုကရေစီ ရဲ့ အရေးပါပုံကို သုံးသပ်ပြပါမယ်။ကယား (ကရင်နီ) ပြည်မှာရှိတဲ့ လူငယ်အင်အားစုများ နဲ့ ဦးအယ်ဖောင်ရှိုအမှူးပြုတဲ့ ရွေးကောက်ခံမဟုတ်ပဲ တက်လာတဲ့ ဦးမော်မော်တို့ အကြား ကြေးရုပ်ပုံစံတူအထမြောက်ရေးအတွက် လွန်ဆွဲပွဲဟာ အမျိုးသားရေး ဝိသေသ(Identity Politics) ပဲဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အဓိကကျတဲ့ ရေသောက်မြစ်အချက်တစ်ချက်ကို ဆွဲထုတ်ပြရမယ်ဆိုရင်လဲ အမျိုးသားရေးဆိုင်ရာက အဓိကကျတဲ့ အနေအထားမှာရှိပါတယ်။ ဒီမိုကရေစီဆိုတာက စံနှုန်းတစ်ခုဖြစ်ပါတယ်။ စံနှုန်းဆိုတဲ့ နေရာမှာ လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရမယ်၊ လွတ်လပ်စွာ ရေးသားခွင့် နဲ့ လွတ်လပ်စွာ သဘောဆန္ဒထုတ်ဖော်ပိုင်ခွင့်တို့ တည်ရှိပါတယ်။ အထက်ပါ အခြေခံ စဉ်းစားချက် သုံးခုအပေါ် အခြေခံပြီး ဒီမိုကရေစီကို သတ်မှတ်ကြရတာပဲဖြစ်ပါတယ်။ အထက်ပါ စံနှုန်းတွေကို ကိုယ်နဲ့ လိုက်ဖက်တဲ့ နိုင်ငံရေးပထဝီအပေါ်အခြေခံပြီး ကျင့်သုံးကြရတာပဲဖြစ်ပါတယ်။ ဥပမာ - အမေရိကန် ရဲ့ ဒီမိုကရေစီစံနှုန်းဟာ သူရဲ့ နိုင်ငံ စတင်ဖြစ်တည်လာတဲ့ အပေါ်မှာ အခြေတည်ပါတယ်။ သူနိုင်ငံနဲ့ လိုက်ဖက်တဲ့ဒီမိုကရေစီ စံနှုန်းဟာ နိုင်ငံရေးသမိုင်း နဲ့ နိုင်ငံနယ်နမိတ် ဖြစ်တည်မှုအပေါ်မှာပဲ အခြေတည်တယ်လို့ ယေဘုယျ သုံးသပ်လို့ ရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို ကိုယ်ကပဲ ဝတ်ရပါမယ်။ ဝတဲ့လူအတွက် ဝတဲ့အလျောက် နဲ့ ပိန်တဲ့ လူအတွက် ပိန်တဲ့အလျောက် အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ရပါမယ်။ကယား(ကရင်နီ)ပြည်ရဲ့ ပထဝီသမိုင်းကြောင်းအရ သီးခြားလွတ်လပ်တဲ့ ပြည်နယ်တစ်ခုအနေနဲ့ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာ ငြင်းပယ်လို့ မရပါဘူး။ ဒါဟာ ပြည်ထောင်စု ရဲ့ ပြည်နယ်အဖွဲ့ ဝင်တစ်ခုဖြစ်တဲ့ ကယား (ကရင်နီ) ပြည်ရဲ့ ထူးခြားမှု ဝိသေသတစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီ ရဲ့ စံနှုန်းဟာ ထူးခြားတဲ့၊ မတူကွဲပြားတဲ့ အယူအဆတွေကို အတူတကွ ယှဉ်တွဲ နေထိုင်တဲ့ အယူအဆဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစနစ်ရဲ့ ထူးခြားတဲ့ ဝိသေဿ လက္ခဏာတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားဖြစ်တဲ့ဒီမိုကရေစီ ဆိုတဲ့ စံနှုန်းဟာ ပထဝီနိုင်ငံရေး နဲ့ သမိုင်းကြောင်းဆိုင်ရာအပေါ် အခြေတည်ရမယ်ဆိုတဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဒီမိုကရေစီဗဟုဝါဒကို ဝန်ကြီးများဖြစ်ကြတဲ့ ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်က နားလည်သဘောပေါက်ဖို့လိုပါမယ်။ကယား (ကရင်နီ)ပြည်မှာ အငြင်းပွားဖွယ် ကြေးရုပ်တည်ဆောက်ရေးကို ဝန်ကြီးချုပ်အမှုးပြုတဲ့ ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်တို့ က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံစံတူ ကြေးရုပ်ကို ဒေသခံ ဌာနေတိုင်းရင်းသားများ နဲ့ ပြည်နယ်သားတို့ရဲ့ သဘောဆန္ဒမပါပဲ စတင်ဆောင်ရွက်ဖို့ ယခင်နှစ်က လုပ်ဆောင်ခဲ့တာကို အားလုံးအမှတ်ရဦးမယ်ထင်ပါတယ်။ အထက်ပါ လုပ်ဆောင်မှုများနဲ့ ပက်သက်ပြီး ဒေသခံ တိုင်းရင်းသားလူငယ်ထုများက ကန့်ကွတ်တဲ့ လူထုတိုက်ပွဲလှုပ်ရှားမှု တစ်ရပ်ကို ပြုလုပ်ချိန်မှာကျတော့ အကြမ်းဖက်ဖြိုခွဲခဲ့ပြီး လူငယ်ခေါင်းဆောင်များကို ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ (၁၉ ) ၊ (၂၀) အပါအဝင် နိုင်ငံတော် အကြည်အညိုပျက်စေမှုများ နဲ့ တရားစွဲဆိုခဲ့ပါတယ်။ လူငယ်ခေါင်းဆောင်တွေရဲ့ တောင်းဆိုမှုကို သုံးသပ်ကြည့် မယ်ဆိုရင်လဲပုံစံတူကြေးရုပ်ကို အရင်တည်မဲ့အစား ဗိုလ်ချုပ်အောင်ဆန်း နဲ့ ကရင်နီပြည်ရှိ တိုင်းရင်းသားခေါင်းဆောင်တွေ ကတိကဝတ်ထားရှိခဲ့ကြတဲ့ တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးအပါအဝင် ကို့ယ်ကြမ္မာ၊ ကိုယ်ဖန်တီးနိုင်တဲ့ အနေအထားကို မူအဖြစ်အခြေခံပြီး တိုင်းရင်းသားတန်းတူညီမျှမှုရှိတဲ့ ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားကြဖို့အတွက် ကတိကဝတ်တွေထားခဲ့ကြပါတယ်။ ဒီအခြေခံပေါ်မူတည်ပြီး ယခု ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ကိုလိုနီနယ် (၄) နယ်ဖြစ်ကြတဲ့ ဗမာပြည်၊ ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည် အပါအဝင် သီးခြားလွတ်လပ်တဲ့ ကရင်နီပြည် ဆိုတဲ့ ပြည်ကြီး (၅) ခုအပေါ်အခြေတည်ပြီး တိုင်းပြည်ကို တည်ဆောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါဟာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။ ဒါကြောင့် ကရင်နီလူငယ်ခေါင်းဆောင်များတောင်းဆိုကြတဲ့ ဗိုလ်ချုပ်ကတိကဝတ်ဟာ ငြင်းပယ်စရာမရှိတဲ့ ယေဘုယျအမှန်တရားဖြစ်ပါတယ်။ ကရင်နီပြည်ရဲ့ ထူးခြားတဲ့ ဝိသေသနဲ့ အမျိုးသားရေးသူရုပ်ဆိုင်ရာ နိုင်ငံရေး (Identity Politics ) အပေါ် အခြေခံပြီး ကရင်နီလူငယ်ခေါင်းဆောင်တွေက ပုံစံတူရုပ်ထုထက်၊ ပါတီတစ်ခုရဲ့ အောင်နိုင်ရေးရုပ်ထု တစ်ခုထက်ပိုတဲ့ ဂုဏ်ပကာသနထက်တန်ကြေးများစွာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်တွေကို တောင်းဆိုတာဟာ မှားယွင်းမှုရှိမယ်မထင်ပါ။ထပ်မံပြီးထူးခြားတဲ့အချက်က စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲချိန်မှာ ယခု ဗို်လ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်တွေကို ပုံတူကြေးရုပ်ထက်စာရင် ဦးစွာအကောင်း အထည်ဖော်ဖို့ တောင်းဆိုတဲ့ ကရင်နီလူငယ်များရဲ့ တောင်းဆိုမှုဟာ တရားမျှတမှု ရှိတယ်လို့ပဲ သုံးသပ်လို့ပါတယ်။ ယခု ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံစံတူ ကြေးရုပ်ကို ချစ်လှပါတယ်ဆိုတဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်တို့ ရဲ့ သဘောဆန္ဒဟာ ရိုးသားမှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ယခင်က ဗိုလ် ဗိုလ်ချုပ်အောင်ဆန်း (ဝါ) သခင်အောင်ဆန်းရဲ့ မွေးနေ့ နဲ့ အာဇာနည်နေ့တွေကို ပွင့်လင်းခါစအချိန် နဲ့ စစ်အစိုးရလက်ထက်တွေမှာ ယခု ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေကို တောင်းဆိုခဲ့ကြတဲ့ လူငယ်ထုက ကျင်းပပြုလုပ်ခဲ့တာတွေ၊ စစ်ထောက်လှမ်းရေးများကိုမကြောက်မရွံ့ နဲ့ အာဇာနည်ကျောက်တိုင်မှာ လွမ်းသူပန်းခွေချတာတွေ၊ ယခု ဝန်ကြီးနေရာယူထားသူတွေ မလုပ်ဝံ့တဲ့ အချိ်န်မှာ ဗို်လ်ချုပ်အတွက် အမှတ်တရတွေလုပ်ပေးခဲ့ကြပါတယ်။ ဒီအချက်ဟာ ငြင်းလို့မရတဲ့ အမှန်တရားတွေဖြစ်ပါတယ်။ ဒီအချက်ပေါ်အခြေခံစဉ်းစားရင် အမျိုးသားရေးသူရုပ် နဲ့ အမျိုးသားရေးဖြစ်တည်မှုအပေါ်မှာ ကရင်နီဖြစ်ခြင်းကို ရပ်တည်ပြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့ အမျိုးသားတန်းတူရေးအပေါ် အခြေတည်ပြီး ကတိကဝတ်များအား အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြတဲ့ လူငယ်တွေဟာမှားယွင်းမှုရှိနိုင်သလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းအား စစ်အာဏာရှင်ခေတ်တွင် အဆိုပါချစ်ကြသည်၊ လေးစားကြသည်ဆိုသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ကျောင်းဆင်းဖြစ်သူ ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်တို့ ဘယ်ရောက်နေကြသလဲဆိုတာကလဲ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ညောင်မြစ်တူးရင်တော့ ပုတ်သင်ဥတော့ ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် ပညာဖြစ်တဲ့ ထီးတော်ရှိမှ စေတီဖြစ်တဲ့ တိုင်းပြည်ဟာလဲ သပ္ပါယ်ပေမှာပေါ့။ လူတယောက်အား လေးစားခြင်း နဲ့ ချစ်ကြည်ညိုခြင်းဟာ စစ်အာဏာရှင်စနစ် မှ ဒေါ်အောင်ဆန်းစုကြည်အမှုးပြုသည့် ခေတ်နှင့်အညီ ပြောင်းလဲသွားခြင်းမျိုးမရှိကောင်းပါ။ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်တဲ့နေရာမှာ အရေးပါ အရာရောက်တဲ့ ပုဂ္ဂို်လ်တစ်ယောက်လဲဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတိကဝတ်တွေကို မဖြည့်ဆည်းပေးနိုင်ချိန်မှာပဲ ပုံစံတူကြေးရုပ်တည်ဆောက်နေမှုအပေါ် ကရင်နီလူငယ်ထုများက စောလွန်သေးသည်ဟု ကန့် ကွက်နေမှုများအရှိန်အဟုန်မြင့် လုပ်ဆောင်နေကြတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ရဲ့အဖွဲ့ဝင်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော်တို့ဟာ ဇန်နဝါရီလ (၂၉ )ရက်နေ့၊ ၂၀၁၉ ခုနှစ်မှာ ပုံတူကြေးရုပ်ကို ကယား (ကရင်နီ) ပြည်ရဲ့ လွိုင်ကော်မြို့တော်သို့ လျို့ဝှက်စွာခေါ်သွင်းလာတာကို တွေ့ မြင်ရမှာပဲဖြစ်ပါတယ်။ ဒါဟာ ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပြုမူဆက်ဆံသင့်တဲ့အနေအထားမဟုတ်ပါဘူး။ အားလုံးလဲ သိတဲ့အတိုင်းပါပဲ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်မတန်မှ ကျိုးနွံစွာနေတတ်ပြီး ဂုဏ်ပကာသနတွေ မက်မောသူတယောက်မဟုတ်ပါဘူး။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ သက်ရှိထင်ရှားရှိနေမယ်ဆိုရင် အခုလို လုပ်ဆောင်နေမှုကို လက်သင့်ခံလိမ့်မယ်လို့တော့ မယူဆမိပါဘူး။အငြင်းပွားဖွယ်ဖြစ်ပေါ်နေတဲ့ ပုံစံတူကြေးရုပ် တည်ဆောက်မှုအပေါ် တစ်ပြည်နယ်လုံးရဲ့ အတိုင်းအတာ နဲ့ ဆန္ဒသဘောထားခံယူပြုလုပ်ပေးဖို့ အတွက်ကိုလည်းလူငယ်ထု ကိုယ်စားလှယ်များက ပြည်နယ်ရဲ့ ဥသျှောင်ဖြစ်တဲ့ ဦးအယ်လ်ဖောင်းရှိုထံ တွေ့ ဆုံညှိနှိုင်းရန်တောင်းဆိုခဲ့သော်လည်းပဲ ရွေးကောက်ခံမဟုတ်တဲ့ ဦးမော်မော် နဲ့သာ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ အကယ်၍ ပြည်နယ်တစ်ခုလုံးရဲ့ သဘောဆန္ဒကို မကောက်ခံနိုင်လောက်အောင် ပွင့်လင်းမြင်သာမှုမရှိတာဟာ မေးခွန်းထပ်မံထုတ်ရမဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုက ပိုမိုအရေးပါသလား၊ ကတိစကားများက ပိုအရေးပါသလားဆိုတာကိုတော့ လူထုဆန္ဒခံယူပွဲက ပြဌာန်းပေးမဲ့ အက္ခရာကျတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ကိုလဲ ပြည်နယ်အစိုးရက လက်မခံပဲ ဆက်လက်ပြီးလုပ်ဆောင်ခဲ့တာဟာ နိုင်ငံရေးအရ စိန်ခေါ်ချက်ကြီးမားတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့အပြင် ဦးဆောင်လှုပ်ရှားတဲ့ လူငယ်တွေကိုလဲ တရားစွဲဆိုမှုတွေ၊ သပိတ်စခန်းအား အတင်းအဓမ္မရုပ်သိမ်းမှုတွေပြုလုပ်ခဲ့တာကို တွေ့ မြင်ရမှာဖြစ်ပါတယ်။အစိုးရအနေနဲ့ ထပ်မံပြီး သတိထားရမဲ့အချက်တစ်ချက်က လူမှုကွန်ယက်ကနေ ကြီးထွားလာတဲ့ အမျိုးသားရေးသူရုပ်ကို အသိအမှတ်မပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ လူမျိုးရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်ပါတယ်။ အဓိက အရင်းခံကို ကြည့်မယ်ဆိုရင် ပြည်နယ်အစိုးရအနေနဲ့ တာဝန်ခံမှုရှိရှိ နဲ့ တာဝန်ယူမှုရှိရှိကို မကိုင်စွဲပဲ ခေါင်းရှောင်နေခဲ့တဲ့အတွက် ကြောင့်ပဲဖြစ်ပါတယ်။ အစိုးရအနေနဲ့ ပုံစံတူကြေးရုပ်စိုက်ထူရေးအပေါ် ဆန့်ကျင်မှုများရှိနေသော်လည်းပဲ ဆက်လက်လုပ်ဆောင်ခဲ့တဲ့အပြင် တွေ့ဆုံညှိနှိုင်းရေးအတွက် လမ်းစကိုလဲအသုံးမချတာကို တွေ့ မြင်ရပါတယ်။ ထပ်မံပြီး အံဩစရာတွေ့ရတာက ပွင့်လင်းမြင်သာမှုမရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ၏ ပုံစံတူ ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီရဲ့ အမည်စာရင်းနဲ့ ၊ ငွေကြေးဆိုင်ရာ ရှင်းလင်းမှုပဲဖြစ်ပါတယ် ။ ဖြစ်မြောက်ရေးကော်မတီရဲ့ အဓိကတာဝန်ရှိသူများဟာလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်နယ်ရဲ့ တက်ကြွလှုပ်ရှားသူများဖြစ်ကြပါတယ်။ ယနေ့အချိန်အထိ ဖြစ်မြောက်ရေးကော်မတီ ရဲ့ အမည်စာရင်းဇယားများ နဲ့ ငွေကြေးဆိုင်ရာ ရှင်းလင်းမှုများ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူလူထုထံသို့ ချမပြနိုင်သေးသည်ကိုလဲ ထူးခြားစွာ တွေ့ မြင်ရပါတယ်။ ကန္ဒာဟေဝန်ပန်းခြံအားလည်း ပုံစံတူကြေးရုပ်တု ရောက်ရှိလာသည့် ဇန်နဝါရီလ(၂၉ )၊၂၀၁၉ ခုနှစ်တွင်သာ ပုဒ်မ ၁၈၈ ရုတ်တရက်ထုတ်ပြန်ထားသည်ကို ကြည့် ခြင်းအားဖြင့် ပြည်နယ်အစိုးရမှ ကြေးရုပ်ထုစိုက်ထူရေးတွင် ပါဝင်ပက်သက်နေသည်ကို ကောင်းမွန်စွာတွေ့ မြင်နိုင်ပါတယ်။ပုံတူကြေးရုပ်အား ဆန့်ကျင်သည့် အင်အားစုများ နှင့် ထောက်ခံသူအင်အားစုများဟူသည့် အသွင်းကို ဖန်တီးပြီး ပြည်နယ်အစိုးရမှ ခေါင်းရှောင်သွားမှုကိုလည်း အံဩစွာတွေ့ မြင်ရပါတယ်။ အဆိုပါကဲ့သို့ ပြုလုပ်ခြင်းဟာ စေ့စပ်ညှိနှိုင်းရန် နှင့် ကိစ္စရပ်များပြေလည်စေရန်အတွက် အဓိကတာဝန်ရှိတဲ့ အင်အားစုဖြစ်တဲ့ အစိုးရရဲ့ အခန်းကို မှေးမှိန်စေပါတယ်။ နှစ်ဖက်အင်အားစု ပြိုင်ဆိုင်ခြင်းမှတဆင့် နှစ်ဖက်အသိုင်းအဝိုင်း (Two Community) ကိုဖန်တီးစေနိုင်ပါတယ်။ ဒါဟာ Identity Politics လို့ပြောတဲ့ နိုင်ငံရေးအရ သူရုပ်ပိုင်ဆိုင်ရာ ခွဲခြားမှုကို ဖြစ်ပေါ်စေပါတယ်။ လွယ်လွယ် နဲ့ အရပ်စကားအရ ပြောရမယ်ဆိုရင် ကျောင်းနှစ်ကျောင်းမှာ တက်နေတဲ့ ကျောင်းသားအင်အားစုနဲ့ တူပါတယ်။ ဥပမာ A ကျောင်းနဲ့ B ကျောင်းလို့ မှတ်ယူနိုင်ပါတယ်။ A နဲ့ B လို့ ခွဲခြားလိုက်ပြီဆိုကတည်းကိုက ဝိသေသတွေ ခွဲခြားသလို Identity ပိုင်းအရ ခွဲခြားသလို ဖြစ်သွားပါပြီ။ A ကျောင်း နဲ့ B ကျောင်းယှဉ်ပြိုင်မှုတွေကနေတဆင့် အမုန်းပွားမှုတွေ၊ ပြိုင်ဆိုင်မှု တွေ နဲ့ နောက်ဆုံးမှာ ပဠိပက္ခအသွင်ကို ဆောင်သွားတတ်ပါတယ်။ ဒါကို ဝိသေသသူရုပ်ခွဲခြား သတ်မှတ်ပေးမှုလို့ သမုတ်နိုင်ပါတယ်။ Identity Politics (ဝိသေသသူရုပ်ခွဲခြားတဲ့ နိုင်ငံရေး) ကြောင့် ကမ္ဘာမှာ ဖက်စစ်စနစ်တွေ၊ ကိုလိုနီစနစ်တွေ ကနေတဆင့်ပဲ ကမ္ဘာစစ်အထိ ဖြစ်ပေါ်လာတာ ကို ၁၉ ရာစုနှစ်များ နဲ့ ၂၀ နှစ်များမှာ တွေ့ မြင်နိုင်ပါတယ်။ အခုလို စိန်ခေါ်မှုကြီးပြီး အကျိုးဆက်အနေနဲ့အမုန်းပွားမှုတွေသာ ဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စရပ်ကို ကယား(ကရင်နီ)ပြည်ရဲ့ အစိုးရအဖွဲ့ဝင်များမှ သတိကြီးစွာ ကိုင်တွယ်သင့်ပါတယ်။အမျိုးသားရေးဝိသေသဆိုတဲ့နေရာမှာ ပထဝီအနေထား၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု ၊စာပေ နဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်တွေပါဝင်ပါတယ်။ ဒီအပေါ်မှာ အခြေခံတဲ့ Identity Protection (ဝိသေသသူရုပ်ကို ကာကွယ်ခြင်း) ဟာ ပိုမိုပြီး ကြီးမားတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ လူမျိုးရေးဆန်တဲ့ အငြင်းပွားမှုတွေဖြစ်ပေါ်လာရင် အဓိက ပင်ရင်းမျိုးစေ့ချခဲ့သူမှာ အဓိက တာဝန်ရှိပါတယ်။ ဌာနေတိုင်းရင်းသားများ နဲ့ ပြည်နယ်သားတွေရဲ့ သဘောဆန္ဒကောက်ယူခြင်းမရှိပဲ ပုံစံတူကြေးရုပ်ကို တည်ဆောက်ရန် စတင်လုပ်ဆောင်ခဲ့တဲ့သူဟာ ပြည်နယ်ရဲ့ ဥသျှောင်ဖြစ်သူ ဦးအယ်လ်ဖောင်းရှိုပဲဖြစ်ပါတယ်။အရိုင်းကမ္ဘာခေတ်မှစတင်ပြီးပဲ ကြည့်ကြည့်၊ ကျေးကျွန်စနစ်ကိုပဲကြည့် ကြည့်၊ မြေရှင်ပဒေသရာဇ်ခေတ်ကိုပဲကြည့် ကြည့် ၊ အဲဒီကနေမှတဆင့် လက်ရှိရောက်ရှိနေတဲ့ အရင်းရှင်စီးပွားရေးစနစ် ပဲကြည့် ကြည့်ပါ။ ခေတ်အဆက်ဆက်က အာဏာငတ်မွတ် တောင့်တကြသူများဟာ အများသူငှါ လေးစားတဲ့ လူပုဂ္ဂိုလ်ကို ရှေ့ တန်းတင်ပြီး လုပ်ချင်းတာကို လုပ်ခဲ့ကြတာကြီးပဲဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာပဲ ဒီလိုကိစ္စရပ်တွေဟာ ဒုနဲ့ ဒေးရှိပါတယ်။ လက်ရှိ ကယား (ကရင်နီ) ပြည်ဟာ မြေရှင်ပဒေသရာဇ်စနစ်ကနေမှ တိုးထွက်လာရတဲ့ အနေအထားမှာ ရှိပါတယ်။ စက်မှုလက်မှု ထွန်းကားတဲ့ အရင်းရှင်စီးပွားရေးစနစ်ကို မရောက်ရှိသေးတဲ့ စပ်ကူး၊မတ်ကူး ကြားကာလဖြစ်ပါတယ်။ဒီလို အချိန်ကာတွေမှာ ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို ကိုယ်ဝတ်တာက တည်တည်ငြိမ်ငြိမ် နဲ့ ကြားကာလ (Interim...
နော်ဒွေးအယ်ခူလွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် ဗို်လ်ချုပ်ကြေးရုပ်ထု ထားရှိနေမှုအပေါ် ကန့်ကွက်သည့် ကရင်နီလူငယ်များ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံရပြီး တရားရုံးတွင် ကိုယ်တိုင်ခံဝန်ချက်လျှောက်ရာ...
ကန္တာရဝတီတိုင်းမ်ဇန်နဝါရီလ ကယားပြည်နယ်နေ့ပွဲတော်အတွင်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ကယားပြည်နယ်သို့လာရောက်ခဲ့စဉ်က လူထုအသံကို နားထောင်သွားသင့်ပါတယ်။ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ ကယားပြည်နယ်သို့လာရောက်သည့်ခရီးစဉ်မှာ ပြည်သူလူထုအခက်အခဲတွေ တင်ပြခွင့်မရခဲ့တဲ့အတွက် တချို့မှာတော့ စာလက်ခံဌာနကိုသာပဲ ပေးအပ်ခဲ့လိုက်ရပါတယ်။ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး၊...
မြန်မာစစ်တပ်မှ လူထုများနေထိုင်သည့် ကျေးရွာများအတွင်း စစ်တပ်စခန်းလေးခုကို ပြီးခဲ့သည့် ၂ဝ၁၈ခုနှစ် ဒီဇင်ဘာလအတွင်းနှင့် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ နှစ်လအတွင်း ဒီးမော့ဆိုမြို့နယ်၊ ရှားတောမြို့နယ်နှင့် ဖားဆောင်းမြို့နယ်ထဲတို့တွင်...
နော်ဒွေးအယ်ခူဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာအုပ်စု၊ ပလဲလယ်ကျေးရွာဟာဆိုရင် နန်းဖဲကျေးရွာကနေ ဆိုင်ကယ်ခရီး မိနစ် ၃ဝ လောက်သာ စီးနှင်ရမှာဖြစ်ပြီး အခြားတောင်ပေါ်ဒေသလိုမျိုး ရွေ့ပြောင်းတောင်ယာလုပ်ငန်းကို စားဝတ်နေရေးအတွက် လုပ်ကိုင်နေရတဲ့ ရွာလေးဖြစ်ပါတယ်။တောင်ပေါ်ဒေသမှာနေတာကြောင့်...
ကျွန်တော်ရဲ့ စိတ်ကူးကဒီလိုမြို့လေးမှာ ကျွန်တော်ကအရမ်းနေချင်တယ်။ နောက်ပြီးတောင်ကုန်းတောင်တန်းတွေ သဘာဝရှုခင်းအလှပတွေ ကြည့်လိုက်မယ်ဆိုရင် တကယ့်ကိုစွဲဆောင်မှုအပြည့်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။မြို့တစ်ခုလည်းဖြစ်တယ်။ အဲဒီတော့ ကျွန်တော့်ရဲ့ ဒီအခွေမှာဒီကယားပြည်နယ်ကိုလာပြီးတော့ ရိုက်ခွင့်ရှိတဲ့အပေါ်မှာလည်းအရမ်းလည်းဂုဏ်ယူတယ်။ ကိုယ့်ကိုယ်ကိုယ်လည်းကျေနပ်အားရမိတယ်ပေါ့နော။https://www.youtube.com/watch?v=blJAoUVnCTg&feature=youtu.be&fbclid=IwAR1sXnV5Zo-l32XZVpCAw3W_eXJsh0CPpZ1CVZdvkhHtcHSC3FghVWF-Bdo
ခွန်းကလိုင်းဖရီးကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အနေဖြင့် အနာဂတ်မြန်မာနိုင်ငံတော်ကိုတည်ဆောက်ရာတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ လက်ကိုင်ထားကြောင်း အတွင်းရေးမှူး(၂) ခူးဒယ်နီယယ်က ပြောသည်။“ကျွန်တော်တို့ KNPP အနေနဲ့ကတော့ အရင်က ချမှတ်ထားတဲ့ ဖက်ဒရယ်နိုင်ငံထူထောင်မယ်ဆိုတဲ့ လမ်းစဉ်ကိုတော့...
အဲ့ဒီတွေ့ဆုံပွဲမှာတော့ မဏိ္ဏုင်သုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးက အကြီးအကဲတွေကပဲ တင်ပြခဲ့ကြပါတယ်။သူတို့နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကိုသာ တင်ပြသွားခဲ့ပြီး ပြည်နယ်အတွင်း တကယ်လိုအပ်နေတာတွေကို မတင်ပြခဲ့ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက...
ယခင်အစိုးရလက်ထက်တွေမှာလည်း ရွာရဲ့တောင်ဘက်ပိုင်း ဖယ်ခုံအင်းဘေးရှိ တောင်ယာမြေနေရာတွေကို အမှတ်အသား တိုုင်စိုက်ထူဖို့အတွက် စည်းရုံးရေးဆင်းတဲ့အခါ မြေနေရာကို တောင်သူတွေ လုပ်ကိုင်စားသောက်နိုင်ခွင့်ရှိပြီး အခွန်အခ ပေးစရာမလိုုဘူးလိုု့ ပြောဆိုတာကြောင့်...
မူဂျာမီလှိုင်ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ Su Ban ကာကွယ်တောမှထွက်သောရေထွက်ပေါက်သည် မိုးဗြဲနန်းဖဲချောင်းတွင်စီးဝင်ကာ ၎င်းချောင်းရေထွက်နှုန်းကောင်းမှသာ မိုးဗြဲရေကာတာတွင် ရေလှောင်နိုင်မည်ဖြစ်ပြီး ၎င်းကာကွယ်တောကို ကာကွယ်ရန်အလွန်အရေးကြီးကြောင်း ကယန်းတိုင်းရင်းရေးရာဝန်ကြီး ဦးခွန်အေးမောင်ကပြောသည်။"Su Ban...
ခွန်းကလိုင်းဖရီးရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုရှိ ဆီးဘူးအထက်တန်းကျောင်းတွင် အလှူရှင်များ၏ အကူအညီဖြင့် တစ်ကျောင်းလုံးရှိ ကျောင်းသား၊ သူ (၅၃၈) ဦးကို နေ့စဉ်အာဟာရတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။ယခုကဲ့သို့ နေ့စဉ်အဟာရတိုက်ကျွေးနေသည့်အပေါ်...
နယ်စပ်ဂိတ်တရားဝင်ဖွင့်လှစ်သွားမယ်ဆိုရင် နှစ်နိုင်ငံ ချစ်ကြည်ရေး ဈေးအနေနဲ့ တစ်လကို နှစ်ကြိမ်ဖွင့်လှစ်မှာဖြစ်ပြီး တစ်လှည့်စီ ဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။https://www.youtube.com/watch?v=1xWBH5NKU9g&feature=youtu.be&fbclid=IwAR0PgobccvkFCTPSTFK4Ff3sz_6SYvJz-VgJfxK84tFsIsPPUwvQKaot3oA
ကန္တာရဝတီတိုင်း(မ်)ထိုင်းနိုင်ငံဖက်မှ နယ်စပ်လမ်းကသဘာဝတိရိစာ္ဆန် ထိန်းသိမ်းရေးနယ်မြေဖြစ်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရားဝင်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးဟု မယ်ဟောင်ဆောင် ဒု-ခရိုင်ဝန်ကပြောပါသည်။မယ်ဟောင်ဆောင်ခရိုင်ဒု-ခရိုင်ဝန် Mr.PrachuabArjaraphong က "သဘာဝတိရိစာ္ဆန်ထိန်းသိမ်းရေးနယ်မြေဟာဆိုရင် ဘာမှ လုပ်လို့ မရဘူး။ အပင်စိုက်လို့လည်းမရဘူး၊...



