spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img
- Advertisement -spot_img

AUTHOR NAME

Kantarawaddy Times

7718 POSTS
0 COMMENTS

လွိုင်ကော်မြို့က ပြောင်းဖူးသပိတ် လှုပ်ရှားခဲ့သူတွေ ဒုတိယအကြိမ် ထပ်မံ ဆန္ဒထုတ်ဖော် (ရုပ်သံ)

မြကလပ်တောင်ခြေအနီးရှိ နမ့်ဘော်ဝမ်ရှမ်း(က) အုပ်စု ၉ မှာ နေထိုင်ကြတဲ့ ပြည်သူတို့ရဲ့ နေအိမ်တွေကို ကျူးကျော်အဖြစ် သတ်မှတ်လိုက်တဲ့အပေါ် မကျေနပ်တာကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့က လွိုင်ကော်မြို့တွင်းမှာ ပြောင်းဖူးလှုပ်ရှားမှုသပိတ်ကို ပထမအကြိမ် ပြုလုပ်ခဲ့ကြတာပါ။ ဒုတိယအကြိမ် လှုပ်ရှားမှုမှာတော့ ကယားပြည်နယ် လွှတ်တော်ဟစ်တိုင်အထိ သွားရောက်ပြီး ကြွေးကြော်ကာ မိမိတို့...

မူးယစ်ကျေးကျွန်တွေ မမြင်ချင်တော့ပြီ

မူဂျာမီလှိုင် ကွမ်းတွေစားလို့ သွားတွေဟာအဖြူရောင် မထွက်တော့ဘဲ နီညိုရောင် သံချေးတက်နေတဲ့အရောင်နဲ့ ပါစပ်ဘေးနားတွေမှာလည်း ကွမ်းရွက်စလေးတွေ ပေကျံနေပါတယ်။ ဟောင်းနွမ်းပြီး တွန့်ကြေနေတဲ့ အညိုရောင်ပန်းပွင့်ကြီးတွေပါတဲ့ ပါတိတ်ထဘီလေးနဲ့ ခပ်နွမ်းနွမ်းရှပ်အကျီင်္အနီရောင်တစ်ထည်ကို တွဲဝတ်ဆင်ထားတဲ့ အသက် ၆ဝကျော်အရွယ်ရှိတဲ့ အမေအိုတစ်ယောက် အိမ်ရဲ့ဝရန်တာမှာ တင်ပျဉ်ခွေထိုင် နေပါတယ်။ အမွေးတွေထနေပြီး ဖာထေးအရာတွေနဲ့ စုတ်ပြတ်နေတဲ့လွယ်အိတ်တစ်လုံးကို သေချာအာရုံစိုက်ပြီး သူမရဲ့လက်မှာတော့...

ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်သာ တည်ဆောက်နိုင်မည့် ဖယ်ဒရယ် ဒီမိုကရေစီစနစ်

ကျော်စိုးသူ ရေးသားသည်။ မြန်မာနိုင်ငံသား၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ပြောခဲ့သော တိုင်းပြည်အုပ်ချုပ်သော စနစ်များထဲတွင် ဒီမိုကရေစီစနစ်သည် လွန်စွာခက်ခဲပေသည်။ ဒီမိုကရေစီစနစ်အောင်မြင်ရန် ပြည်သူတို့၏ အသိဉာဏ်၊ ဆင်ခြင်တုံတရား များစွာလိုအပ်မည်ဟူသော အဆိုအမိန့်ကို အမြဲတမ်းသတိရမိပေသည်။ သို့မဟုတ်ပါက ဗယုသုက္ခကိုသာ ဖြစ်စေလိမ့်မည်ဟူသော ပြောကြားချက်ကို ထပ်မံဆင်ခြင်မိပေသည်။ လက်ရှိမြန်မာပြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်နေတာကို တွေ့ရပေသည်။...

လွိုင်ကော်မြို့မှာ ကျူးကျော်အဖြစ် သတ်မှတ်ခံထားရသူတွေရဲ့ ဘဝအခက်အခဲများ

ချွေးနည်းစာလေးနဲ့ ဝယ်ထားတဲ့မြေနေရာလေးနဲ့အတူ ဆောက်ထားတဲ့အိမ်ကလေးကတော့ စိတ်မကောင်းစွာပဲ ပုဒ်မ ၁၈၈ ကျူးကျော်မြေအဖြစ် သတ်မှတ်ခံလိုက်ရတာပါပဲ။ တချို့မိသားစုတွေက မိဘအမွေရပြီး နေထိုင်ကြသလို တချို့မိသားစုတွေကတော့ ချွေးနည်းစာလေးနဲ့ ဝယ်ထားကြပါတယ်။ ဒေါ်ကြည်ဌေးလိုပဲ ကျူးကျော်အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ မိသားစု ၁၀ဝ ဝန်းကျင်လောက် ရှိနေတာပါ။ ဒီမိသားစု ၁၀ဝ ဝန်းကျင်ဆိုတာကလည်း ဒီနှစ်အတွင်းမှာ...

ကျောင်းပြင်ပ ပညာရေးနဲ့ လူငယ်တွေရဲ့ အလားအလာ

ခွန်းကလိုင်းဖရီး ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်ကနေ လွိုင်ကော်-တောင်ငူလမ်းအတိုင်း (၄၇) မိုင်လောက်သွားရင် ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုထဲက ဆီးဘူးဆိုတဲ့ ကျေးရွာကို ရောက်ပါတယ်။ အဲဒီကျေးရွာက လွိုင်ကော်-တောင်ငူလမ်းဘေးမှာရှိလို့ လမ်းပန်းဆက်သွယ်ရေး အတော်လေး အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။ အိမ်ခြေ (၁၅၀) လောက်ရှိတဲ့ အဲဒီကျေးရွာက ရွာသူ/သားတွေဟာ ကုန်းမြင့်တောင်ယာတွေနဲ့ လယ်တွေကို အသက်မွေးဝမ်းကျောင်း...

ကယန်းလူမျိုးအမည်မှန် မှတ်ပုံတင်ပြောင်းလဲရန် လိုလား

ခွန်းကလိုင်းဖရီး ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် နေထိုင်သည့် ကယန်းကျေးရွာ (၁၅) ရွာမှ ကယန်းလူမျိုး (၁၀၀၀) ကျော်၏ နိုင်ငံသားစိစစ်စ်ရေးကဒ်ပြား(ဝါ) အမျိုးသားမှတ်ပုံတင်တွင် ကယန်းလူမျိုးအမည်ကို အခြားလူမျိုးအမည်များဖြင့် မှားယွင်းဖော်ပြထားသည့်အတွက် ကယန်းလူမျိုးအမည်မှန်ကို ပြန်လည်ပြောင်းလဲရန် လိုလားနေကြသည်။ ယခုကဲ့သို့ ကယန်းလူမျိုးမှတ်ပုံတင်အမည်မှန် ပြောင်းလဲရေးအတွက်လုပ်ဆောင်နေသည့် ကယန်းမျိုးဆက်သစ်လူငယ်၏ တွဲဖက်အတွင်းရေးမှူး(၂) ခွန်းသောမတ်က “...

ရှားတောတွင် ကြွက်များတောင်ယာသီးနှံများ ထပ်မံဖျက်ဆီး

ခူးဘဲရယ် ရှား​တောမြို့နယ်​ ​မြောက်​ပိုင်​း​ကျေးရွာအုပ်​စုများရှိ စိုက်ခင်းများတွင် ကြွက်များ ထပ်မံဝင်ရောက်ဖျက်ဆီးခဲ့ပြီး နောက်နှစ်စပါးမျိုးစေ့များ ပြန်ရနိုင်ရန် အခက်အခဲရှိနိုင်ကြောင်း သိရသည်။ " ဟိုးအရင်​နှစ်​​တွေလဲ ကြုံခဲ့ရဖူးတယ်​ဒါ​ပေမဲ့ ဒီနှစ်​က အဆိုးဆုံးပဲ ခုမှ စပါး စသီးတုန်​းရှိ​သေးတယ်​ ကြွက်​​တွေ ဖျက်​လိုက်​လို့ ဘာမှ မကျန်​​တော့ဘူး​။ နောက်​နှစ်​စပါးမျိုး​တောင်​ ကျန်​ပါဦးမလားမသိဘူး" ​​ ဟု...

တပ်သိမ်းမြေမှ အသုံးမပြုသည့်မြေများ ပြန်စွန့်ပေးရန် ဒေသခံများ တောင်းဆို

ခွန်းကလိုင်းဖရီး ရှမ်း/တောင် ဖယ်ခုံမြို့တွင် မြန်မာ့တပ်မတော်မှ သိမ်းဆည်းထားသည့် မြေဧက(၄၀၀၀) အနက် တပ်မှအသုံးမပြုသည့် ဒေသခံ တောင်ယာမြေ (၁၆၀၀) ဧကကို ပြန်လည်စွန့်လွှတ်ပေးရန် ဒေသခံတောင်သူ များက တောင်းဆိုကြသည်။ အောက်တိုဘာလ (၂၃) ရက်နေ့တွင် ဖယ်ခုံမြို့၊ ညောင်ကုန်း(၅)ရပ်ကွက်၊ ခေါင်းအိဆွေမျိုးစု ရိုးရာတံခွန်တိုင်ခန်းမဆောင်၌ ကျင်းပခဲ့သည့် မြေယာကဏ္ဍနှီးနှောဖလှယ်ပွဲမှ...

သီးနှံစိုက်တောင်သူတွေအနေနဲ့ တိကျခိုင်မာတဲ့ သီးနှံဈေးကွက်ရရဖို့ အစိုးရဖော်ဆောင်ပေးရန်လိုအပ်

သီးနှံစိုက်တောင်သူတွေအနေနဲ့ တိကျခိုင်မာတဲ့ သီးနှံဈေးကွက်မရှိတာကြောင့် ပြည်နယ်အစိုးရအနေနဲ့ ဈေးကွက်ဖော်ဆောင်ပေးတဲ့ပေါ်လစီ အကောင်အထည်ပေးဖို့ လိုအပ်တယ်လို့ တောင်သူတွေက ပြောပါတယ်။တောင်ယာ၊ လယ်ယာနဲ့ တခြားသီးနှံစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ လက်ရှ်ိအချိန်ထိ တိကျခိုင်မာတဲ့ သီးနှံဈေးကွက်မရှိသေးတာကြောင့် သက်ဆိုင်တဲ့အစိုးရ၊ ဌာနဆိုင်ရာတွေက သီးနှံဈေးကွက်ကို ဖော်ဆောင်ပေးဖို့ လိုအပ်နေတာပါ။ https://www.youtube.com/watch?v=BJKjO6I9uF0&feature=youtu.be&fbclid=IwAR3eIoTVLcY-yfGbK9Boo4NTmosW1FvwaGrXU0-p6w9yvWqHgAFZHb4rsdQ

ဖယ်ခုံမြို့မှာ မြန်မာ့တပ်တော်မက သိမ်းဆည်းထားတဲ့မြေတချို့ကို ပြန်လည်စွန့်လွတ်ပေးဖို့ တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ မြန်မာ့တပ်မတော်မက သိမ်းဆည်းထားတဲ့ မြေဧက ၄,၀၀ဝ ခန့်ထဲက တပ်မတော်က အသုံးမပြုတဲ့ ဒေသခံတွေရဲ့ တောင်ယာမြေ ၁,၆၀ဝ ဧကကို ပြန်လည်စွန့်လွတ်ပေးဖို့ ဒေသခံတောင်သူတွေက တောင်းဆိုလိုက်ပါတယ်။ အဆိုပါ ဒေသခံတွေရဲ့ တောင်ယာမြေတွေကို ခမရ ၃၃၆ ၊ ခမရ ၄၂၁...

Latest news

- Advertisement -spot_img