Copyright © 2026 All Rights Reserved by Kantarawaddy Times
ဆောင်းပါး
စိုးထိုက်အောင်ဖရူဆိုမြို့နယ်ရဲ့ အနောက်ဘက်ခြမ်း ဒိုမိုဆောကျေးရွာအုပ်စု ခါးဘယ်ကျေးရွာဟာဆိုရင် ဖရူဆိုမြို့ကနေ ၃ နာရီကျော်ကျော်လောက် ကားစီးသွားရပါတယ်။ ဖရူဆိုကနေ ဟိုယာအထိလမ်းကောင်းပြီး ဟိုယာကနေ ခါးဘယ်အထိကတော့ လမ်းကြမ်းပါတယ်။ခါးဘယ်ကျေးရွာကတော့ တောင်ကြားထဲမှာရှိပြီး...
ကန္တာရဝတီတိုင်း(မ်)ကလေးတွေနဲ့မိခင်တွေ အမျိုးသမီးတွေအများစုလိုက်စီးလာတဲ့ ထော်လဂျီစက်တစ်စီးဟာဆိုရင် ဒီးမော့ဆိုမြို့နယ် တရားရုံးရှေ့ကို ပုံမှန် တစ်ပတ်တစ်ကြိမ်ရောက်ရှိလာစမြဲပါ။ သူတို့တွေဟာဆိုရင် ဒေါဆိုရှေးကျေးရွာကနေ လာကြတဲ့သူတွေဖြစ်ကြပါတယ်။ထော်လဂျီစက်ပေါ်မှာဆိုလျှင် အမျိုးသမီးတွေနဲ့ကလေးငယ်တွေအပါအဝင် ဟင်းသီးဟင်းရွက်တွေ၊ ဟင်းခြောက်တွေ၊ထမင်းဗူးတွေက ပုလိုင်းတွေ၊...
မော်ဦးမြာကိုယ်တိုင် ပြုလုပ်ထားတဲ့ လက်မှု တူရိယာတွေကို တစ်နေ့ပြီးတစ်နေ့ လက်ထဲကနေ မချနိုင်ပဲ လာရောက်လည်ပတ်တဲ့ ဧည့်သည်တော်တွေကို ဖျော်ဖြေပေးနေရတာကတော့ အသက် ၇၂ နှစ် အရွယ်...
ခူးစေရယ်တရုတ်နိုင်ငံရဲ့ U 16 Boy’s Cricket T20 2019 မှာ အကောင်းဆုံး ကစားသမားဆု ၂ ဆုရခဲ့တဲ့ ခရစ်စတိုဖာ ဟာရင်...
မော်ဦးမြာ ရေးသားသည်။ကယား(ကရင်နီ)ပြည်နယ်မှာ တစ်နိုင်ငံလုံးကို အလင်းပေးနိုင်တဲ့ ရေအားလျှပ်စစ်စက်ရုံကြီး တည်ရှိနေပေမဲ့လည်း ယနေ့အချိန်ထိ မီးမလင်းနိုင်သေးတဲ့ ကျေးရွာတွေ မြောက်များစွာ ရှိနေပါသေးတယ်။“လျှပ်စစ်မြို့တော်” လို့ အများက ခေါ်ဝေါ်ကြတဲ့...
ကယားထဲဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးလက်ဆေးပေးခန်း ဌာနခွဲ ဆေးပေးခန်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေ ဆေးခန်းလာပြတဲ့သူ ကျန်းမာရေးစောင့်ရှောက်မှုလာယူနေကြတဲ့သူတွေ အကြားမှာ အခန်းအပြင်ဘက်ကစောင့်ကြည့်နေတဲ့ အသက် ၇၀ နီးပါးရှိပြီဖြစ်တဲ့...
ကယားထဲ ရေးသားသည်။အနောက်အရပ်မှာက သစ်တောတွေ အရှေ့ဘက်နဲ့ တောင်ဘက်တွေမှာကတော့ ချောင်းတွေဝန်းရံစီးဆင်နေတယ်။ ရွာရဲ့ ပတ်ပတ်လည်လည်မှာ ဖာလံခြံတွေ၊ တောင်ယာတွေ ၊ရေထွက်ပေါက်တွေ၊ သဲကျောက်တောင်တွေနဲ့ သဘာဝအရင်းအမြစ်တွေက ဘေးပတ်ပတ်လည်လည်မှာ...
မော်ဦးမြာကယား(ကရင်နီ) ပြည်နယ်အတွင်း ရေရှားပါးတဲ့ ပြသနာကို ကြုံတွေ့နေရတဲ့ ဒေသတွေထဲက ဒီးမောဆိုမြို့နယ် အရှေ့ဖက်ခြမ်းကလည်း တစ်ခုအပါအဝင်ပါ။ တစ်နှစ်ထက်တစ်နှစ် ရေပိုမိုရှားပါးလာတဲ့ ပြဿနာက ကြာလေပိုဆိုးလေပါပဲ။ ဒေါဖုကျေးရွာအုပ်စုနဲ့...
မော်ဦးမြာ ရေးသားသည်။လူမျိုးတိုင်းမှာ ရိုးရာပွဲတွေ ကိုယ်စီရှိကြပါတယ်။ ကယားလူမျိုးမှာလည်း ရိုးရာပွဲတွေ မြောက်များစွာ ရှိပါတယ်။ ဒါ့အပြင် လိပ်ပြာခေါ်ပွဲ(အီလာဇို) ဆိုတာလည်း ရှိနေပါသေးတယ်။ လိပ်ပြာခေါ်ပွဲ(အီလာဇို)...
မော်ဦးမြာဒေါဆိုရှေး တောင်သူတွေက သူတို့ရဲ့ တောင်ယာကိုပြန်ရနိုင်မလား၊ ဒါမှမဟုတ် သူတို့ကိုတရားစွဲထားတဲ့ စစ်တပ်တွေက သူတို့ကို ဖြေလျော့ပေးမလား၊ ဒါမှမဟုတ် သူတို့မြေပေါ်မှာ သူတို့လုပ်စားနေတာ အခုထောင်ကျခံရတော့မလား စတဲ့လိုက်မမှီနိုင်တဲ့တရားစီရင်ရေးကိစ္စရပ်တွေမှာ...
မော်ဦးမြာ မြန်မာ့ငြိမ်းချမ်းရေးသည် နောက်ပြန်ဆုတ်နေခြင်းလားဆိုပြီး ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများက မေးခွန်းထုတ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားဒေသ (ကချင်၊ ရခိုင်၊ ရှမ်းမြောက်)တွေမှာ...
ဦးမြာ၊ မီမြာ ရေးသားသည်။ကယားပြည်နယ် ဒီးမော့ဆိုမြို့တနန်းဥကွိုင် တွင်နေထိုင်သော ဒေါ်အန်တောညာသည် နံနက်စောစောတွင် အိမ်မှုကိစ္စများနှင့်အလုပ်ရှုပ်နေသည်။ မနက်အစောပိုင်းတွင် ဝေါလ်ဗီရှင်မှထောက်ပံ့ပေးသည့် ဒေသဝက်မျိုးများကို အစာကျွေးခြင်း၊ သားသမီးများကျောင်းပို့ပေးရန် ပြင်ဆင်ခြင်းစသည့်ဖြင့်...
ကရင်နီသူ ရေးသားသည်။တိုင်းရင်းသားမီဒီယာတွေရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေကို မီဒီယာအသီးသီးကနေပြီးတော့ စက်တင်ဘာလ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကြီးမှာ လာရောက်တင်ပြပြီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ တိုင်းရင်းသားဒေသရှိ မီဒီယာများမှ...
မော်ဦးမြာ ရေးသားသည်။ဒုက္ခသည် ပြန်လည်နေရာချထားရေးမှာ ပါဝင်ပြီး နေရပ်ကို ပြန်လည်ရောက်ရှိလာတာ လပိုင်းအတွင်းသာ ရှိသေးတဲ့ ဒေါ်ပိုးမယ်ကတော့ ဝါးထရံ ကာပြီး သွပ်မိုး မိုးထားတဲ့...
ကရင်နီသူကယားပြည်နယ်မှာရှိတဲ့ အိမ်ရှင်မတချို့တွေဟာ တောင်ယာ၊ လယ်ယာလုပ်ငန်းခွင်က အလုပ်တွေနည်းပါးချိန်မှာ အပိုဝင်ငွေအဖြစ်၊ သဘာဝအရက်ချက်ကြပါတယ်။ ရက်သတ္တပတ်တစ်ပတ်ကို တစ်အိုး၊ နှစ်အိုးချက်ပြီး အပိုဝင်ငွေရှာကြပါတယ်။ အပိုဝင်ငွေလို့ ပြောပေမယ့်လည်း ဆန်ကွဲဖိုး၊...
မော်ဦးမြာအခုလိုအချိန်ဆိုရင် ရှားတောမြို့နယ်၊ ဖရေစိုးလေးဒေသက ဒေသခံတွေက တောင်ယာ ပေါင်းရှင်းရမဲ့ အချိန်ကို ရောက်လာပါပြီ။လွိုင်ကော်ကနေ ရှားတောကို သွားတဲ့ လမ်းဘေး ဝဲ၊ယာ တလျှောက်မှာ တောင်ယာခင်းတွေ...
ကရင်နီသူမော်ချီးပပွာကလူ ကရင်လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့ ဥက္ကဌတစ်ယောက်နဲ့ ကျွန်မတို့သူငယ်ချင်းနှစ်ယောက်နဲ့ မော်ချီးကိုသွားပြီး မြေပြိုတဲ့နေရာတွေကို လိုက်ကြည့်ဖို့အတွက် ညကတည်းက စိတ်တက်ကြွနေကြပါတယ်။ဩဂုတ်လ ၂ရရက်နေ့ မနက်၉နာရီလောက်မှာ လွိုင်ကော်ကနေ...
မော်ဦးမြာ ရေးသားသည်။နေပူပူ တောင်ယာခင်းထဲ တနေကုန်
အလုပ်လုပ်ရင်း ညနေစောင်းမှ အိမ်ကို ပြန်လာတာတောင် ပါးပြင်ပေါ်က သနပ်ခါး
ပါးကွက်ကြားလေး မပျက်မကွက်ရှိနေဆဲ ဖြစ်ပြီး မြင်သူတိုင်းကို ဖော်ရွေစွာ
ပြုံးပြနေတဲ့ မော်စူးမယ်(နာမည်လွဲ)...
ဖူးမော် ရေးသားသည်။မြန်မာနိုင်ငံနေရာတော်တော်များများတွင်
မြေယာပြဿနာဖြစ်နေသည်။ ယခင်ကတည်းက ကယားပြည်နယ် အပါအဝင်
တိုင်းရင်းသားဒေသများတွင် မြေယာနှင့်ပါတ်သက်သည့် ပြဿနာရှုပ်ထွေးမှုရှိနေသည်မှာ ယခုချိန်ထိပါ။ကိုယ့်မြေပေါ် စိုက်စားနေသည့် တောင်သူများတရားစွဲခံရတဲ့ဘဝလက်ရှိကယားပြည်နယ်၏ မြေယာသိမ်းဆည်းမှုသည်
ပြည်နယ်အတွင်းအကြီးဆုံးပြဿနာတစ်ခုဖြစ်သလို ယခုလိုမိုးတွင်းအချိန်သည် ကယားပြည်နယ်လိုစိုက်ပျိုးရေးကိုအခြေခံပြီး အသက်မွေးဝမ်းကြောင်း...
မော်ဦးမြာပြီးခဲ့တဲ့ဇွန်လ ၂၉ ရက်နေ့မှာ ကယားပြည်နယ်
တိုင်းရင်းသားရေးရာ လူမျိုးရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊
ညွှန်ကြားရေးမှူးရုံးမှာ ဌာနေတိုင်းရင်းသားစာပေ နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ဖို့
သက်ဆိုင်ရာ တိုင်းရင်းသားစာပေအဖွဲ့များက စီစဉ်ခဲ့ကြရာ ပြည်နယ်အစိုးရက...
ကရင်နီသူရေးသားသည်။လွိုင်ကော်မြို့နယ်၊ နိုးကိုးစံပြကျေးရွာက အဖေဦးညေးရယ်နဲ့ အမေဒေါ်နန်းစေးတို့ကနေ မွေးဖွားလာတဲ့ မောင်နှမငါးယောက်အနက် အငယ်ဆုံးဖြစ်သူ ခူးဆော်ရယ်ဟာ ဩဂုတ်လ ၁ ရက်နေ့ ၂၀၁၉ခုနှစ်ကနေစပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြားတက္ကသိုလ်တစ်ခုမှာ Child Dream က ထောက်ပံ့ပေးတဲ့ စကောလားရှစ်ကို ယူပြီး လေးနှစ်တိုင် တက်ရောက်ကာ ပညာသင်ယူခွင့်ရပြီဖြစ်ပါတယ်။ ခူးဆော်ရယ်ဟာ သာမန်တောင်သူမိသားစုကနေ မွေးဖွားလာပြီး ငယ်စဉ်ကတည်းက မွေးမိခင်ရဲ့စောင့်ရှောက်မှုကို မခံခဲ့ရဘဲ အဖိုးအဖွား၊ အစ်ကို အစ်မတွေရဲ့ ဖေးမစောင့်ရှောက်မှုတွေနဲ့ ပညာသင်ကြီးပြင်းလာခဲ့ရသူ ဖြစ်ပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို ကိုယ့်မွေးရပ်မြေမှာပဲ တက်ရောက်ပညာသင်ခဲ့ပြီး၊ အထက်တန်းပညာကို ဆက်လက်မသင်ယူတော့ဘဲ ဒီးမော့ဆိုမြို့မှာဖွင့်လှစ်တဲ့ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကိုပဲ ဆက်လက်တက်ရောက် ခဲ့ပါတယ်။ ဆယ်သဲသင်ယူလေ့လာရေး ဆုံရပ်ဆိုတာ လူငယ်တွေအတွက် ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့၊ လူထုအဖွဲ့အစည်းတွေမှာ ဝင်ဆံ့နိုင်အောင် သင်ကြားပေးတဲ့ ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာ အခုဆိုရင် ရ နှစ်အတွင်း ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားပေါင်း ၃၀ဝနီးပါးခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုပဲ ခူးဆော်ရယ်ဟာလည်း ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကျောင်းမှာ ၂၀၁၄မှာပြီးသွားတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ သင်ကြားပေးမယ့် ဘာသာရပ်တွေကြောင့်လည်းပါသလို၊ ကိုယ်ကိုယ်၌ကလည်း နောင်တစ်ချိန် ခေါင်းဆောင်တစ်ဦးဖြစ်ချင်တာတွေကြောင့် ဆယ်သဲသင်ယူလေ့လာရေး ဆုံရပ်ကို ရွေးချယ်လိုက်တယ်လို့ ဆိုပါတယ်။ သူဟာဆိုရင် ၂၀၀၉-၁၀ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမအောင်လို့ စိတ်ဓာတ်တွေကျကာ ကျောင်းထွက်ပြီးတော့ အပြင်မှာ သုံးနှစ်လောက်အလုပ်လုပ်ခဲ့ပါတယ်။ ̏ ကျွန်တော် ဆယ်တန်းဖြေပြီး ဆယ်တန်းကျတဲ့အချိန် အိမ်ကလူတွေက၊ ကျွန်တော့်ရဲ့မိသားစုတွေကပေါ့ နောက်တစ်နှစ်ပြန်ကြိုးစားပါဦးပေါ့။ ဆိုတော့ ကျွန်တော်က ပညာရေးဆို လုံးဝအရှုံးပေးပြီပေါ့နော၊ ကျောင်းတက်ရမယ့် ကိစ္စလုံးဝမပြောတော့နဲ့ ဆိုတဲ့အဆင့်ထိ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။” လို့ ဆော်ရယ်က ပြောပါတယ်။အဲဒီနောက်မှာမှ ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်ကျောင်းကို ကြားသိခဲ့ရပြီး ကျောင်းပြန်တက်ချင်စိတ်တွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ “ဆယ်သဲရောက်ရှိလာတဲ့ အချိန်မှာ ကျွန်တော့်အနေနဲ့ ကျွန်တော်...




