spot_img
19.9 C
Loikaw
Thursday 2, October 2025
spot_img
Homeအင်တာဗျူးစိုးရိမ်ပူပန်မှုကြားက စားဝတ်နေရေးဖြေရှင်း နေကြတဲ့ မော်ချီးဒေသခံများရဲ့ စကားသံ

စိုးရိမ်ပူပန်မှုကြားက စားဝတ်နေရေးဖြေရှင်း နေကြတဲ့ မော်ချီးဒေသခံများရဲ့ စကားသံ

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားချင်းမရှိတဲ့ ကရင်နီပြည်၊ ဖားဆောင်းမြို့ မော်ချီးဒေသကို မကြာခန လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်နေပြီး ဒီနှစ်အတွင်းမှာ ၇ ကြိမ်အထိ ဗုံးကြဲထားခဲ့ပါတယ်။ စိုးရိမ်ပူပန်မှုကြားက စား၀တ်နေရေး ဖြေရှင်းနေကြရတဲ့ မော်ချီးဒေသခံတွေရဲ့ စကားသံကိုဖော်ပြပေးလိုက်ပါတယ်။

မော်ချီး ဈေးသည်တစ်ဦး

“ဈေးရောင်းတာကတော့ လေယာဉ်သံကြားရင် အန်တီတို့မှာ ပြေးရတယ်ပေါ့နော်။ ဆိုင်တွေပိတ်ရတာပေါ့။ ဆိုင်တွေ ဘာတွေပိတ်ပြီး လွတ်ရာကျွတ်ရာ တောင်ထိပ်တက်ပြီး နေရတယ်လေ။ အမလေး ကြောက်တာမှ ပြောမနေတဲ့ တုန်ရီနေတာပဲ။ တအားကြောက်တယ်ပေါ့။ လေယာဥ်ပျံတွေ။ လူတွေသေတာ မြင်တော့လဲ ပိုကြောက်တာပေါ့”

မော်ချီးဒေသခံ ခဲကျင်းအလုပ်သမားတစ်ဦး

“လာကြဲတော့ အ၀ယ်(အကို)တို့ကတော့ အလုပ်သမားတွေလဲ မရှိတော့ဖူးပေါ့။ ဒါပေမဲ့ အ၀ယ်(အကို)တို့က ဒီဒေသခံဖြစ်တဲ့အတွက်ကြောင့် ဒီမှာပဲနေရတာပေါ့။ ပြေးစရာ မြေမှ မရှိတာကို။ တခြားနေရာပြေးမယ်တိုရင်လဲ ဟို့ဖက်မှာ စား၀တ်နေရေးအတွက် မဖြေရှင်းနိုင်ဘူးလေ။ ဒီမှာ ကကိုယ့်ဒေသဖြစ်တဲ့အတွက် ကိုယ့်စား၀တ်နေရေးကို ဒီလိုပဲ ဖြေရှင်းနေရတာပေါ့”

မော်ချီးဒေသခံ အမျိုးသမီးတစ်ဦး

“အရင်ကတော့ ဒီလိုပဲ ချက်လိုက်ပြုတ်လိုက်စားလိုက် ခဲလုပ်ငန်း လုပ်လိုက်။ တစ်နေ့တစ်နေ့ အိမ်မှာဆိုတော့ ချက်ပြုတ်ရတယ် ပထမကတော့။ အလုပ်သမားတွေကို အမတို့က ချက်ပေးတယ်။ စရိတ်ငြိမ်းကြွေးတယ်ဆိုတော့ ချက်ပြုတ်ရတယ် ပုံမှန်လေးလည်ပတ်တော့ အဆင်ပြေတယ်။ အခုဒီလို ဗုံးလာကြဲ လိုက်တော့ တာ၀န်တစ်ခု တိုးသွားတယ်ပေါ့။ အရင်က ပေါ့ပေါ့ပါးပါးပဲ နေရ ထိုင်ရအဆင်ပြေတယ်။ အခုဗုံးကြဲပြီးနောက်ပိုင်းမှာတော့ ကြောက်စိတ် တစ်ခု ၀င်လာတယ်ပေါ့။ အလုပ်လုပ်ရတာ လုပ်တာ လုပ်တာ နောက်ကျော မလုံသလို ခံစားရတယ်ပေါ့။”

ခဲကျင်းဦးစီးမှုး

“အလုပ်သမားတွေ ပဲပေါ့။ အန္တရာယ်ကင်းအောင် လို့ပဲအပြင်မှာ သိပ်မထားပဲနဲ့ လေယာဥ်လာရင် အထဲမှာ၀င်နေပေါ့။ ကျင်းထဲမှာ တော့ ပိုလုံခြုံမှုရှိတာပေါ့။ အဲ့ဒါတွေတော့ပူပန်ရတာပေါ့လို့”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ