Homeအင်တာဗျူးဒီးမော့ဆိုအနောက်ခြမ်းမှာ စက်သုံးဆီဈေးမြင့်တက်နေတဲ့အပေါ် တောင်သူတွေရဲ့ စကားသံများ

ဒီးမော့ဆိုအနောက်ခြမ်းမှာ စက်သုံးဆီဈေးမြင့်တက်နေတဲ့အပေါ် တောင်သူတွေရဲ့ စကားသံများ

-

ကန္တာရဝတီတိုင်း (မ်)

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ စက်သုံးဆီစျေးတွေ အဆမတန် မြင့်တက်လာပြီး တချို့ အရောင်းဆိုင်တွေမှာ ဆီပြတ်လပ်မှုတွေနဲ့ စတင်ကြုံတွေ့နေရပါတယ်။ အခုလို ဈေး မြင့်တက်မှု ၊ ပြတ်လပ်မှုတွေကြောင့် ဓာတ်ဆီကို နေ့စဉ် အသုံးပြုပြီး သွားလာနေရတဲ့ လယ်ယာစပါးစိုက် တောင်သူတွေရဲ့ အခက်အခဲ ၊ စကားသံတွေကို တင်ဆက်ထားပါတယ်။

ဒေါ်မညာ ( စပါးစိုက်တောင်သူတစ်ဦး )

” အဒေါ်တို့အတွက်ဆို အရမ်းခက်ခဲတယ်။ ဒါပေမဲ့ ရုန်းကန်ရတယ်ပေါ့နော်။ လုပ်ထားပြီး ပြီးဆုံးအောင် မလုပ်ရင်လည်း မပျော်ဘူးပေါ့နော်။ သူများနား ပိုက်ဆံ လိုက်တောင်းချေးပြီးမှ ရှာဝယ်ရတယ်ပေါ့။ ခြေလျင်ပြန်မယ်ဆိုလည်း ကိုယ့်အတွက် တအားဝေးတယ်ကော။ မြေသြဇာလဲ မဝယ်နိုင်ဘူးကော။ ဒီတိုင်းပဲ လုပ်ရတယ်။ ဆီစျေးမတက်ခင်တောင် အကုန်ကျများတယ်။ ဆီစျေးတက်တော့ ပိုကုန်တာပေါ့။ ”

ကိုဇော်မင်း ( စပါးစိုက်တောင်သူတစ်ဦး )

” အင်မတန်မှ အခက်ခဲရှိတယ်။ ကိုယ်လယ်ထွန်ချင်တယ်ဆိုလဲ ဒီဇယ်ကမရှိ။ တနေရာသွားချင်ရင် ဓာတ်ဆီ ကမရှိ ဖြစ်နေတော့ ကိုယ့်အမေ ၊ အဖေပေးထားတဲ့ ခြေထောက်နဲ့ ပဲသွားရတယ်လို့ ပြောရမှာပေါ့။ အခက်ခဲအများကြီးကြုံနေရတယ်ပေါ့။ လယ်တွေက ဒီဇယ်မရှိတော့ ဘယ်လိုမှစက်ထွန်လို့မရဘူး ဖြစ်နေတယ်။ နောက်ဆက်တဲ့ ဂယက်ရိုက်လာတာက မြေသြဇာ။ မြေသြဇာတွေကလဲ တဖြည်းဖြည်းစျေးတက်လာတယ်။ ဘာတစ်ခုမှမဝယ်နိုင်တော့ဘူး။ ကိုယ်လုပ်စား ချင်တဲ့ အရာလေးတစ်ခုတောင်မှ မြေသြဇာမဝယ်နိုင်တော့ ဘာတစ်ခုမှ မတတ်နိုင်တော့ဘူး။ အငတ်ပဲ နေရတော့မလားမသိဘူး။ ”

ဒေါ်မာရှယ် ( စပါးစိုက်တောင်သူတစ်ဦး )
” အခုဆို ဓါတ်ဆီတို့ ဒီဇယ်တို့ စျေးကြီးလာတယ်။ နောက် ပိုက်ဆံလဲ မရှိ။ မဝယ်လဲ မဝယ်နိုင်ဘူး။ ခြေလျင်နဲ့ သွားရတယ်။လာရတယ်။ စက်ဘီးနဲ့ သွားရတယ်။ မြေသြဇာလဲမဝယ်နိုင်ဘူး။ ”

ဒေါ်ပိုလူးမြာ ( စပါးစိုက်တောင်သူတစ်ဦး )

” ဓာတ်ဆီစျေးတက်တော့ လိုက်ရှာဝယ်ရတယ်။ ပိုက်ဆံတောင်မရှိဘူး။ အခု ပေါင်းလိုက်တာပိုက်ဆံမရှိဘူးလေ။ ဒါပေမယ့် ကိုယ်လုပ်ထားတဲ့ အရာ စားရများ စားရမလားပေါ့ သွားချေးယူရတယ်။ ဆီကလဲ အခု နှစ်ဆသုံးဆ တက်တယ်‌။ အခုပိုက်ဆံချေးပြီး စက်ဆီဝယ်ပြီး လယ်ထိလာရတာလဲ တစ်နာရီ လေးဆယ်ငါးမိနစ် နီးပါး ကြာတယ်။ လယ်လည်း လုပ်တာလုပ်ရတာ ဆီလည်း စျေးကြီးတယ်။ လုပ်တဲ့ လယ်လည်း ပိုက်ဆံချေးပြီးလုပ်ရတယ်။ ”

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ