ကန္တာရဝတီတိုင်း(မ်)
ယခု (ဩဂုတ်လဆန်းပိုင်း) မှာ ကရင်နီပြည်၊ ဒီးမော့ဆို မြို့ပေါ်၊ ငွေတောင်ဆည် အနီးတဝိုက်မှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ပြန်လည်တွေ့မြင်လာရပြီး ဒေသခံတွေရှိနေတဲ့ နေရာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်မှုရှိနေပါတယ်။ ဒီလိုစစ်ရေးလှုပ်ရှားမှုတွေရှိလာတဲ့အပေါ် ဒီးမော့ဆို ကျေးရွာဒေသခံတချို့ရဲ့ စိုးရိမ်ပူပန်မှု စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။
ငယ်လေး (စစ်ရှောင်အမျိုးသမီးတစ်ဦး)
လက်နက်ကြီးကျတဲ့ချိန်တော့ ကြောက်စိတ်နဲ့နေနေရတာပေါ့။ ကလေးတွေကိုပေါ့ အဓိကလုံခြုံအောင် ကတုတ်ကျင်းလဲမရှိတော့ ဒီလိုပဲ ဝပ်ခိုင်းပေါ့ နားပိတ်ပြီး။ ကျတာက ကျတယ်။ ကျတာတော့ ဟို့ဖက် ရွာအရှေ့ဖက်တွေ ပတ်ကျတယ်။ အစ်မတို့တဲတွေ လာစင်သေးတယ်။ ပြင်ဆင်ထားတာတော့ ပြင်ဆင်ထားတယ်။ အဝတ်တစ်ထည်ကိုယ်တခုပေါ့။ ဘားမှလဲ မရှိဘူးကော ကိုယ့်မှာ ကလေးလဲရှိတယ်”
ဒေါ်အယ်မူး (စစ်ရှောင်အမျိုးသမီးတစ်ဦး)
အရင်က ခနခန ကြားနေတော့ သိပ်တော့ ကြောက်တဲ့စိတ်မရှိဘူးပေါ့နော်။ ဒါပေမဲ့ အခုက ကိုယ်က လုံလုံခြုံခြုံလည်း မနေရတဲ့ အတွက်ကြောင့်ပေါ့နော်။ တဲလေးနဲ့ နေရတဲ့ခါကျတော့ ကြောက်စိတ်တွေ အရမ်းဝင်လာပြီးတော့ ခြောက်ခြားလာပြီးကြာလာရင် ရောဂါပိုတိုးလာမှာတောင် စိုးရိမ်ရတယ်ပေါ့နော်။ အခုပြေးဖို့ဆိုလဲ ဘယ်လို ပြေးရမလဲ။ ပြေးတာလဲ လေးနေရာလောက်ရှိပြီ တစ်နှစ်ထဲကို။ အခက်ခဲတွေ အများကြီး ဖြစ်တယ်ပေါ့နော်။ လောဆယ် အရန်အနေနဲ့ ကိုယ်နဲ့သင့်တော်မယ့်နေရာ၊ လုပ်ကိုင်စားသောက်လို့ရမယ့် နေရာနဲနဲပါးပါး စုံစမ်းကြည့်မှာပေါ့နော်။ နေဖို့နေရာရဖို့အတွက်ပေါ့နော်။
ဦးဒဲနီ (ဒေသခံ တစ်ဦး)
လက်နက်ကြီးကျလာတယ်။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်တုန်းကပေါ့။ ပူပူနွေးနွေးပဲရှိသေးတယ်ကျတာ။
ရွာထိ ရွာဘေးမှာတောင်ကျတယ်။ ကြောက်ရတယ်။ လူထိမှာလဲ ကြောက်ရတယ်။ အိမ်တွေထိမှာလဲကြောက်ရတယ်ပေါ့နော်။ ပူပင်မှုတော့ အမျိုးမျိုးပေါ့။ တစ်ယောက်ထိရင် မိသားစုပါ ခက်ခဲတော့ အမျိုးမျိုးကြုံနေရပြီပေါ့။ လောလောဆယ် ကြိုတင်ပြင်ဆင်ထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ရောက်လာခဲ့မယ်၊ ရှောင်ပါလို့ပြောရင်တော့ ဒီနေရာနဲ့ အလှမ်းဝေးတဲ့ လုံခြုံမယ်ထင်တဲ့ နေရာပဲ သွားရတော့မှာပေါ့။
ဦးအယ်ထူး (ဒေသခံ တစ်ဦး)
စိုးရိမ်ပူပန်မှုတော့ အမျိုးမျိုးရှိတယ်။ အထူးသဖြင့် ဘုမသိ ဘမသိတဲ့ကလေးတွေက သူတို့အတွက်ပိုပြီးတော့တောင် စိုးရိမ်ရတယ်။ ကျောင်းလဲ တက်ဖို့အဆင်မပြေတော့ဘူး။ အဲ့ဒါကြောင့် သူတို့အတွက် ဘယ်လ်ုစီစဉ်မယ်ဆိုတာလဲ အများကြီးစဉ်းစားပေးရတယ်။ အခြားမေးမြန်းထားတာတော့ရှိတယ်။ နည်းနည်း လုံခြုံမယ့်နေရာပေါ့။ နည်းနည်းပိုဝေးတဲ့နေရာပေါ့။ ကျနော်တို့ရွာက တအားနီးသွားပြီဆိုတော့။ စစ်မြေပြင်နဲ့ နည်းနည်းဝေးတဲ့နေရာကို စုံစမ်းထားတာတော့ရှိတယ်။ လောဆယ်တော့ နေလို့ရသေးတယ်။ လက်နက်ကြီးတွေပဲ ရောက်လာသေးတယ်။