spot_img
26.1 C
Loikaw
Thursday 2, October 2025
spot_img
Homeကန္တာရဝတီတိုင်း(မ်)တရားစွဲခံထားရတဲ့ လူငယ် ၆ ဦးထဲကတစ်ဦးကို ဖမ်းဆီးရမိ

တရားစွဲခံထားရတဲ့ လူငယ် ၆ ဦးထဲကတစ်ဦးကို ဖမ်းဆီးရမိ

-

နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နဲ့ တိုင်းကြားခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးထဲကတစ်ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဇွန်လ ၃ ရက်နေ့မှာ ချုပ်ရမန်ရယူပြီးနောက် လွိုင်ကော်အကျဉ်းထောင်ဆီ ပြောင်းရွှေ့ထိန်းသိမ်းခဲ့ပါတယ်။ လာမယ့် ၁၇ ရက်နေ့မှာ တရားရင်ဆိုင်ဖို့ ပြန်လည်ချိန်းဆိုထားပါတယ်။

လူငယ် ၆ ဦးထဲက ဖမ်းဆီးခံရတဲ့လူငယ်တစ်ဦးမှာ ခူးကြူးဖဲကေး (ခ) ဂူဂူးဖြစ်ပြီး ဇွန်လ ၂ ရက်နေ့ ညနေပိုင်း ဖရူဆိုမြို့အသွားလမ်းမှာ ဖမ်းဆီးခံရတာလို့ ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ