spot_img
25.2 C
Loikaw
Wednesday 15, October 2025
spot_img
Homeကန္တာရဝတီတိုင်း(မ်)ဧပြီလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ၁၅၀ယူနစ်အခမဲ့ သုံးစွဲခွင့်ပေးမည်

ဧပြီလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ၁၅၀ယူနစ်အခမဲ့ သုံးစွဲခွင့်ပေးမည်

-

စိုးထိုက်အောင်

ဧပြီလအတွင်း ပြည်သူလူထုတွေရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအတွက် ယူနစ် ၁၅၀ အထိ အခမဲ့အသုံးပြုခွင့်ပေးသွားမယ်လို့လွိုင်ကော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ AE ဦးသန်းကုဋေက ပြောပါတယ်။

“ အိမ်သုံးအမျိုးအစားလျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ်၁၅၀ နှင့် ၁၅၀ အတွင်းသုံးရင် လျှပ်စစ်ဓာတ်အားခ နှင့် ဝန်ဆောင်ခကိုပါ ပေးဆောင်ရခြင်းကင်းလွတ်ပါမယ် သုံးစွဲယူနစ် ၁၅၀ ကျော်ရင်တော့ ယူနစ် ၁၅၀အတွက် ၁၁၅၅၀ကျပ် သက်သာခွင့် ရပြီး ကျန်ဓာတ်အားခနှင့် ဝန်ဆောင်ခများပေးဆောင်ရပါမယ်” လို့လွိုင်ကော်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ AE ဦးသန်းကုဋေက ပြောပါတယ်။

သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းတွေကိုတော့ ၁၅၀ယူနစ်ကင်းလွတ်ခွင့်ရရှိမာမဟုတ်ပါဘူး သိရပါတယ်။ ၁၅၀ယူနစ် အခမဲ့အသုံးပြုခွင့်ပေးတာဟာ အစိုးရလျှပ်စစ်ဓာတ်အား အသုံးပြုသူတွေအတွက်သာဖြစ်ပြီး တစ်ချို့နေရာတွေမှာရှိတဲ့အစိုးရပိုင်မဟုတ်တဲ့ပုဂ္ဂလိက လျှစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွေ မပါဝင်ဘူးလို့သိရပါတယ်။

ဧပြီလမှာ လျှပ်စစ်အသုံးပြုမှု အခမဲ့၁၅၀ယူနစ်ထက်ပိုမယ်ဆိုရင် ကျန်ယူနစ်တွေအတွက် လျှပ်စစ်ဓာတ်အားခတွေကို မေလထဲမှာ ကောက်သွားမယ်လို့ ရှားတောမြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ AE ဦးဇော်မျိုးကပြောပါတယ်။

“ ၁၅၀က ဟုတ်တယ် ဧပြီလအတွက်ပေါ့ ဧပြီလအတွက်ဆိုရင်တော့ မေလ မှာကောက်မဲ့ဟာပေါ့ အခုဧပြီလ ကောက်မဲ့ဟာက မတ်လ အတွက်လေ။” ပြောပါတယ်။

မီတာဖတ်စာရေးတွေအနေနဲ့လစဉ်ဖတ်ရှုရမည့် မီတာတွေမှာ ပုံမှန်အတိုင်းလာရောက်မီတာဖတ်ရမာဖြစ်ပြီးတော့ ဧပြီလအတွင်းမာလည်း မီတာသုံးစွဲမှုဘေလ်တွေကို ဖြန့်ဝေသွားမှာဖြစ်ပါတယ်။ ကင်းလွတ်ခွင့်ရသည့် ငွေပမာနကို မီတာရုံးတွေက နုတ်ပယ်ပေးသွားမာဖြစ်ပြီး ကျော်လွန်သုံးစွဲထားတာတွေကိုတော့ ပုံမှန်နှုန်းထားအတိုင်းကောက်ခံသွားမယ်လို့သိရပါတယ်။

ကိုရိုနာဗိုင်းရပ် ကာကွယ်ထိန်းချုပ်ရေးအတွက် အရေးကြီးကာလ ဧပြီလ ၁ရက်နေ့မှ ၃၀ရက်နေ့အတွင်းပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေအတွက် အိမ်သုံးအမျိုးအစားလျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁၅၀ ယူနှစ်အထိ ငွေကြေးကောက်ခံမှုကင်းလွတ်ခွင့် ပေးသွားမယ်လို့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ၂၀၂၀ ၊ ဧပြီလ ၆ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ