spot_img
27.6 C
Loikaw
Tuesday 20, January 2026
spot_img
Homeကန္တာရဝတီတိုင်း(မ်)COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁၁ ဦး ထပ်မံ တွေ့ရှိ၊ တစ်နေ့အတွင်း အများဆုံး တွေ့ရှိ

COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁၁ ဦး ထပ်မံ တွေ့ရှိ၊ တစ်နေ့အတွင်း အများဆုံး တွေ့ရှိ

-

ကန္တာရဝတီတိုင်း(မ်)
ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါကြီးဖြစ်သည့် Covid-19 ရောဂါပိုး ကူးစက်ခံရသူ ဆက်လက်တိုးလာလျက် ရှိရာ ယနေ့ ဧပြီလ ၁၃ ရက်နေ့ ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးရ အချက်အလက်များအရ ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ ၁၁ ဦး ထမ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၁၁ ဦးထပ်မံ တွေ့ရှိ၊ တစ်နေ့အတွင်း အများဆုံးတွေ့ရှိ

ယင်းကဲ့သို့ ၁၁ ဦး ထပ်မံတွေ့ရှိခဲ့ရသည့်အတွက် ယနေ့ ဧပြီလ ၁၃ ရက်နေ့ တစ်ရက်တည်းတွင် ရောဂါပိုး တွေ့ရှိသူ (၁၃) ဦးအထိ ရှိခဲ့သည်။
ယင်းပမာဏတွင် မြန်မာနိုင်ငံတွင် တစ်နေ့အတွင်း ရောဂါပိုးကူးစက်ခံရသူ တွေ့ရှိမှု အများဆုံး ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၅၂) ဦးအထိ ရှိလာပြီ ဖြစ်သည်။

Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၅၂ ဦးထဲမှ ၄ ဦးသည် သေဆုံးခဲ့ပြီး ၂ ဦးသာ ပြန်လည်သက်သာလာသေးကြောင်း သိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ