Homeကန္တာရဝတီတိုင်း(မ်)ကယားပြည်နယ်တွင် ပထမဆုံး စောင့်ကြည့်လူနာ ၁ ဦး သေဆုံး

ကယားပြည်နယ်တွင် ပထမဆုံး စောင့်ကြည့်လူနာ ၁ ဦး သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သီးခြားကုသဆောင်( Quarentine Room )တွင် ဆေးကုသမှု ခံယူလျက်ရှိသည့် အသက် (၄၃) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ယနေ့ နံနက် ၂း၅၀ အချိန်တွင် သေဆုံးသွားကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ရုံးမှ အတည်ပြု ထုတ်ပြန်ကြေညာလိုက်သည်။

ယင်း စောင့်ကြည့်လူနာသည် လွိုင်ကော်မြို့၊ ဓမ္မာရုံရပ်ကွက်တွင် နေထိုင်သည့် ဦးကျော်သာထွန်းဖြစ်ကြောင်း သိရသည်။

၎င်းသည် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သီးခြားကုသဆောင်( Quarentine Room )တွင် ဆေးကုသမှု ခံယူလျက်ရှိသည့် လူနာ(၆)ဦးထဲမှ တစ်ဦး ဖြစ်သည်။

ဦးကျော်သာထွန်းသည် COVID-19 Suspect or Confirmed case patient ဖြင့် ထိတွေ့ဖူးသော ရာဇဝင်မရှိဘဲ သွေးဆိပ်တက်ခြင်း၊ လေပြွန်ရောင်ရမ်းခြင်းများကြောင့် ရုတ်တရက်လေပြွန်ပိတ်ပြီး သေဆုံးခြင်းဖြစ်ကြောင်းနှင့် COVID-19 Swab-PCR စစ်ဆေးချက် ပေးပို့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ရုံးမှ အတည်ပြု ထုတ်ပြထားပါသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ