spot_img
20.5 C
Loikaw
Friday 3, October 2025
spot_img
Homeကန္တာရဝတီတိုင်း(မ်)ရောဂါပိုးတွေ့ရှိသူ လူနာ(၃)ဦး ထပ်တိုး၊ ၃ ဦး ပြန်လည် ကောင်းမွန်လာ

ရောဂါပိုးတွေ့ရှိသူ လူနာ(၃)ဦး ထပ်တိုး၊ ၃ ဦး ပြန်လည် ကောင်းမွန်လာ

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတစ်ဝန်းတွင် Covid-19 ရောဂါပိုးတွေ့ရှိသူ (၃ ) ထပ်မံတွေ့ရှိပြီး လူနာ ၃ ဦးမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း မြန်မာ နှစ်ဆန်းတစ်ရက်နေ့ ယနေ့ (ဧပြီ ၁၇ ရက်) ည(၈)နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ရောဂါပိုးတွေ့ရှိသူ လူနာ(၃)ဦး ထပ်တိုး၊ ၃ ဦး ပြန်လည် ကောင်းမွန်လာ

Covid-19 ရောဂါပိုးတွေ့ရှိသူမှာ ရန်ကုန်က (၂)ဦး၊စစ်ကိုင်း(ကလေး)က (၁)ဦးတို့ ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည့် လူနာ (၃) ဦးသည် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် လူနာ (Case-003)၊ လူနာ (Case-009)နှင့် လူနာ (Case-012) တို့ ဖြစ်ကြပြီး ရောဂါပိုး ရှိမရှိ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် ရောဂါပိုး တွေ့ရှိတော့ခြင်း မရှိတော့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ (၈၈) ဦး၊ သေဆုံးသူ (၄)ဦးနှင့် ပြန်လည် ကောင်းမွန်လာသူ (၅) ဦး ရှိပြီ ဖြစ်သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ