Homeကန္တာရဝတီတိုင်း(မ်)COVID-19 ရောဂါပိုးတွေ့ရှိသူ (၂)ဦး ထပ်တိုး၊ စုစုပေါင်း ၁၈၀ ဦး ရှိပြီ

COVID-19 ရောဂါပိုးတွေ့ရှိသူ (၂)ဦး ထပ်တိုး၊ စုစုပေါင်း ၁၈၀ ဦး ရှိပြီ

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ မေလ ၁၀ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်သည့် ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာအသစ်(၂)ဦး ထပ်မံ စစ်ဆေးတွေ့ရှိရသည့်အတွက် ယခု ဆိုလျှင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြု လူနာ (၁၈၀) ဦး ရှိသွားပြီ ဖြစ်သည်။

COVID-19 ရောဂါပိုးတွေ့ရှိသူ (၂)ဦး ထပ်တိုး၊ စုစုပေါင်း ၁၈၀ ဦး ရှိပြီ

လက်ရှိမြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ (၁၈၀) ဦး အနက် ပြန်လည် ကောင်းမွန်လာသူ (၇၂)ဦးနှင့် သေဆုံးသူ (၆)ဦး ရှိပြီ ဖြစ်သည်။

ရောဂါမှ ပြန်လည် ကောင်းမွန်လာပြီး ပိုးကင်းစင်သူ (၇၂) ဦးတို့အနက် (၅၅) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ