Homeကန္တာရဝတီတိုင်း(မ်)COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆) ဦး ထပ်မံတွေ့ရှိ

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆) ဦး ထပ်မံတွေ့ရှိ

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၆) ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြု လူနာ (၁၉၉) ဦးရှိပြီဖြစ်ကြောင်း ယနေ့ မေလ ၂၀ ရက်နေ့ ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆) ဦး ထပ်မံတွေ့ရှိ

ယခု ထပ်မံတွေ့ရှိသည့် ရောဂါပိုးတွေ့ရှိသူ (၆) ဦးစလုံးသည် ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ကြသည်။

ယင်းအပြင် ယနေ့ အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၈) ဦးရှိပြီ ဖြစ်သည့်အနက် (၉၈) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာကန့်သတ်၍ ဆက်လတ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ယခုဆိုလျှင် မြန်မာနိုင်ငံ၏ ဓာတ်ခွဲ အတည်ပြုလူနာ (၁၉၉) ဦးအနက် (၆) သေဆုံးခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံရှိ တိုင်း/ပြည်နယ်များ အာလုံးအနက် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိသည့် တစ်ခုတည်းသော ပြည်နယ်အဖြစ် ကယားပြည်နယ်သာ ကျန်ရှိတော့သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ