KT-FM ကရင်နီဘာသာ အစီအစဉ် ဇူလိုင်လ (၁၀) ရက်၊ ၂၀၂၅ ခုနှစ် (ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ရက်သတ္တပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင့် ကရင်နီပြည်အပါအဝင် ဒေသအချို့မှာ သဘာဝ ဘေးအန္တာရာယ်ကို သတိထားဖို့ NUG အသိပေး
– ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ မြေဩဇာတွေ စျေးတက်ပေမယ့် စပါးစျေး မရှိတာကြောင့် လယ်ယာစိုက် တောင်သူတွေ အခက်တွေ့နေ
– KNDF အမှတ် (၈) တပ်ရင်း ၄ နှစ်အတွင်း ရဲဘော် (၂၁) ဦး ကျဆုံးခဲ့ဟုဆို
– ဇွန်လ တစ်လအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၂) ဦးသေဆုံးကာ (၄၆)ဦး ထိခိုက်ဒဏ်ရာရ
– ၄နှစ်သမီးငယ်အပါအ၀င် မိသားစုတခုလုံး သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ဆိုတဲ့ သတင်းတွေနဲ့ “နှစ်ခါပြန်ဆုံးရှုံးမှုတွေနဲ့ ကျောင်းဆရာ ဦးစိုင်းကျော်ဝင်း” ဆောင်းပါးနဲ့အတူ ယင်းတလဲဘာသာ နှင့် ကယား ဘာသာ အစီအစဥ်၊ မိုးလေဝသ သတင်းနဲ့ နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။



