KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၆) ရက်၊ (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ဒီးမော့ဆိုမှာ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး
– ဖရူဆိုမြို့နယ် ဂေးဖိုးဒူဒေသမှာ ၅ နှစ်တစ်ကြိမ် ပြုလုပ်တဲ့ တံခွန်တိုင်သစ်ကြီး စိုက်ထူမှုကို ယခုနှစ်မှာ ပြုလုပ်
– ၅၇နှစ်ပြည့်ပြီဖြစ်တဲ့ ကယောအမျိုးသားနေ့ကို ဖရူဆိုမှာ (၁၁)ကြိမ်မြောက်ကျင်းပ ပြုလုပ်ခဲ့
– နိုင်ငံတစ်ဝှမ်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် မတ်လအတွင်း အမျိုးသမီးသေဆုံးသူ ၆၆ဦး ရှိ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ သတင်း၊ သတင်းဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ “ကုန်ဈေသတင်း” နဲ့ “သုတအဖြာဖြာ” အစီအစဉ်ကိုလည်း နားဆင်ကြရပါမယ်ရှင်…။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။



