KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၉) ရက်၊ (ဗုဒ္ဓဟူးနေ့)
– ဇွန်လ တစ်လအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၂) ဦးသေဆုံးကာ (၄၆)ဦး ထိခိုက်ဒဏ်ရာရ
– ၄နှစ်သမီးငယ်အပါအ၀င် မိသားစုတခုလုံး သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု
– KNDF အမှတ် (၈) တပ်ရင်း ၄ နှစ်အတွင်း ရဲဘော် (၂၁) ဦး ကျဆုံးခဲ့ဟုဆို
– ရက်သတ္တပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင့် ကရင်နီပြည်အပါအဝင် ဒေသအချို့မှာ သဘာဝဘေး အန္တာရာယ်ကို သတိထားဖို့ NUG အသိပေး
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ ကုန်ဈေးနှုန်းသတင်းနဲ့ သုတအဖြာဖြာ အစီအစဉ်ကို ဆက်လက်နားဆင်ရပါမယ်ရှင်…။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။



