KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၂၅) ရက်၊ (သောကြာနေ့)
– ဖရူဆို အနောက်ဘက်ခြမ်းက ဒေလကြိုအုပ်စုမှာ စစ်ဘေးရှောင် ကလေးနဲ့ လူကြီးတွေ ဖျားနာမှု များနေ
– မိုးဗြဲ အနီးက လယ်ဧကထောင်ကျော် မရိတ်သိမ်းရပဲ တောင်သူတွေထွက်ပြေးတိမ်းရှောင်နေရ
– ဖယ်ခုံအရှေ့ဘက်ကမ်းကနေ တိမ်းရှောင်သွားရတဲ့ စစ်ရှောင်တွေ မိုးကာနဲ့ စားနပ်ရိက္ခာများလိုအပ်နေ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ ‘စစ် ကြီးပြီးသွားလို့ ပြန်တွေ့တဲ့တနေ့ ကျနော့်ကိုမှတ်မိပေးပါ’ဆိုတဲ့အကြောင်းကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အဲဒီနောက်မှာတော့ “ဖရူဆိုမြို့နယ် အရှေ့ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”ကိုလည်း တင်ဆက်ပေးသွားဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။



