KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅)ရက်၊ (အင်္ဂါနေ့)
– ငွေတောင်ဆည်အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေ လှုပ်ရှားမှု ရှိနေတာကြောင့် ဒေသခံ တချို့ ကြိုတင် တိမ်းရှောင်နေ
– စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်နဲ့အတူ KNDF ဆီ ဘက်ပြောင်းခိုလှုံလာ
– KNDF တပ်ရင်း အမှတ် (၁) ရဲ့ ဒုတပ်ရင်းမှူး ရွေးချယ်တင်မြောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “လူငယ်အစီအစဉ်” ကနေ “သေမင်းနူတ်ခမ်းဝက စေတနာ့ဝန်ထမ်းတွေနဲ့အတူ ကရင်နီပြည်က ကြယ်ပွင့်လေးများရဲ့ အနာဂတ်ပညာရေး” ဆိုတဲ့အကြောင်းကိုလည်း ထုတ်လွှင့်ပေးသွားပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။