KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်၊ (တနင်္လာနေ့)
– ဖရူဆိုမှာ စစ်ဘေးရှောင်ရှိတဲ့ နေရာနဲ့ ကျေးရွာအချို့ကို စစ်ကောင်စီက လက်နက်ကြီး ဦးတည်ပစ်ခတ်
– ဒီးမော့ဆို မြို့နယ်အတွင်းက အိမ်ထောင်စု (၁) ထောင်ကျော်အတွက် အရေးပေါ် အမိုးအကာ လိုအပ်နေ
– ဒီးမော့ဆိုအနောက်ခြမ်းမှာ မြေအက်ကွဲလာပြီး မြေကျွံလာတာကြောင့် စစ်ရှောင်တွေ စိုးရိမ်နေကြ ပြောင်းရွေသူများရှိနေ
– အရေးပေါ်ရွေ့ပြောင်းရတဲ့ စစ်ရှောင်အိမ်ခြေ ၅၀၀ အတွက် မိုးကာအရေးပေါ် လိုအပ်
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ တနင်္လာနေ့မှာ တင်ဆက်ပေးနေတဲ့ “အမျိုးသမီး အစီအစဉ်” နဲ့အတူ “ဖယ်ခုံမြို့နယ် ပီကင်းဈေးမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”ကိုလည်း ထုတ်လွှင့်ပေးသွားဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။