KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်၊ (တနင်္လာနေ့)
– ဘီလူးချောင်းအရှေ့ဖက်ကမ်းရှိ ပြည်သူတွေကို ၃ ရက်အတွင်း အန္တရာယ်ကင်းမယ့်နေရာကို အပြီးရွှေ့ပြောင်းကြဖို့ KNDF ဗျူဟာ(၇) အသိပေးလာ
– စစ်ကော်မရှင်က ကရင်နီပြည်တွင်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်အပါအဝင် ၇ ခုကို မဲဆန္ဒနယ်တွေ သတ်မှတ်ကြေညာ
– စစ်ကောင်စီ လေကြောင်းဗုံးကြဲတဲ့ မော်ချီးမှာ ကလေးအပါအဝင် သေဆုံးသူ (၂၀) ဦးထိ ရှိလာ
– (၇၇) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားကို ကရင်နီပြည်တပ်မတော် ထိန်းချုပ်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “အမျိုးသမီး အစီအစဉ်” နဲ့အတူ၊ “ဖရူဆိုမြို့နယ် အရှေ့ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”ကိုလည်း ထုတ်လွှင့်ပေးသွားဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။