KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်၊ (သောကြာနေ့)
– စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကြောင့် ဒီးမော့ဆိုမှာ အရပ်သား ၃ ဦး ထိခိုက်သေဆုံး၊ ၃ ဦး ဒဏ်ရာရ
– တရုတ်နိုင်ငံက အင်တာနက်ထိန်းချုပ်ရေးစနစ်ကို စစ်ကော်မရှင်တပ်ဆီ ရောင်းချတပ်ဆင်
– အမှတ် (၁၁၀၆) တပ်ရင်း ဖွဲ့စည်းပြီး ၃ နှစ်အတွင်း ရဲဘော် ၅ ဦး ကျဆုံးခဲ့ပြီး ၈ ဦး ကိုယ်လက်အင်္ဂါဆုံးရှုံး
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေနဲ့ “ကရင်နီ ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီရဲ့ ဒရုန်းများ” ဆိုတဲ့အကြောင်းကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်း” ကိုလည်း တင်ဆက်ပေးသွားပါမယ်ရှင့်….
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။



