KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်၊ (သောကြာနေ့)
– ဖရူဆိုမှာ စစ်ကော်မရှင်ရဲ့ စစ်ယာဥ်တန်းအစီးရေ ၅၀ ကျော် ရောက်ရှိ၊ စစ်ဘေးရှောင်နဲ့ ဒေသခံတွေ စိုးရိမ်
– ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို လူသားခြင်းစာနာထောက်ထားမှုဖြင့် ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ KNDF ဆို
– ကရင်နီအမျိုးသမီး သင်တန်းကျောင်းမှ အမှတ်စဥ် (၁) ဒီပလိုမာ သင်တန်းကို (၃) လကြာ အခမဲ့ ဖွင့်လှစ်သွားမည်
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေ၊ “ဖရူဆိုမြို့နယ် အရှေ့ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”ကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “အသက်တဖွာ၊ ဝမ်းတထွာ ရှင်သန်နေကြရသူများ”ဆိုတဲ့အကြောင်းကိုလည်း ထုတ်လွှင့်ပေးသွားပါမယ်….
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။