spot_imgspot_imgspot_imgspot_img
Wednesday, October 1, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  (၂၉ ) ရက်၊ (တနင်္လာနေ့)

– ဖရူဆိုကိုရောက်နေတဲ့ စစ်ကော်မရှင်တပ် ဘောလခဲမြို့နယ်ဘက်ကို ထိုးစစ်ဆင်ဖို့ပြင်နေ
–       ချောင်းဒဲမှာ ဒုတိယအကြိမ် ရေပြန်တက်လာ၊ ၅ ရက်ကြာအထိ ရေမကျသေးတာကြောင့် သွားလာသူတွေ အခက်အခဲဖြစ်
–       ဘီးလူးချောင်းရေကြီးမှုကြောင့် တောင်သူများ ပြောင်းသီးနှံတွေ ဆုံးရှုံးနေ
– လော်ပလျားစစ်ရှောင်တွေနဲ့ ဒေသခံတွေ လူဦးရေ ၁၀၀ ဝန်းကျင် ဖျားနာနေ၊ ဆေးဝါးလည်းလိုအပ်
ဆိုတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေ၊ “ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ၄ မိုင်ဈေးတန်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးသတင်းတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ တနင်္လာနေ့မှာထုတ်လွှင့်ပေးနေတဲ့ “အမျိုးသမီး အစီအစဉ်”ကိုလည်း တင်ဆက်ပေးသွားပါမယ်ရှင့်…..

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲ့မြို့နယ်မှာ 95.8 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img