KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ( ၄ ) ရက်၊ (အင်္ဂါနေ့)
– အောက်တိုဘာလအတွင်း စစ်ကော်မရှင် ဒရုန်းကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ၅ ဦး သေဆုံး
– UKSY ဦးဆောင်ပြီး မြို့နယ် (၄) မြို့မှာရှိတဲ့ အထက်တန်း ကျောင်းသူ၊ ကျောင်းသားတွေအတွက် နှီးနှောဖလှယ်ပွဲ ပြုလုပ်ပေး
– လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ ၁၂ နှစ်အရွယ်ကလေးတစ်ဦး မိုင်းထိ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကို ကြားကြရမှာပါ။ အဲဒီနောက် မှာတော့ အပတ်စဉ် တင်ဆက်ပေးတဲ့ လူငယ်အစီအစဉ်ကနေပြီး “ပြည်ပထွက်ပြီး အလုပ်လုပ်မယ့် လူငယ်တွေ ဘာတွေသိထားသင့်လဲ” ဆိုတဲ့အကြောင်း ဆက်လက်ကြားရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်



