KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ( ၂၈ ) ရက်၊ (တနင်္လာနေ့)
– ကရင်နီပြည်တပ်မတော်ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်
– ဖရူဆိုမြို့နယ်အတွင်း ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၇ ဦး ဒဏ်ရာရပြီး နာရေးနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့တဲ့ဖြစ်စဉ်
– ချင်းမိုင်မှာ ရိုးရာပွဲတော်တခုဖြစ်တဲ့ အဲ့ဒိုပေါ်မီပွဲ ကျင်းပပြုလုပ်ခဲ့
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသသတင်းတွေနဲ့ ကုန်ဈေးနှုန်းသတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်သလို… အပတ်စဉ် တင်ဆက်ပေးတဲ့ အမျိုးသမီးအစီအစဉ်ကနေ အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ “စစ်ဘေးကြားက မလွယ်ကူတော့တဲ့ အမျိုးသမီးတွေရဲ့ ဓမ္မတာနေ့ရက်များ“ ဆိုတဲ့အကြောင်း အရာကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်…..
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်





