အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးက အာဏာသိမ်းမှုကို လက်မခံတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ CDM (Civil Disobdience Movement အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု) လှုပ်ရှားမှုပြုလုပ်ပြီး ပြည်သူနဲ့အတူ ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး ဇာတိမြေရဲ့ အဝေးကို တိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတချို့ဆိုရင်လည်း နယ်စပ်မှာရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်နယ်မြေထဲက စစ်ဘေးရှောင်တခုမှာ သွားရောက်ခိုလှုံနေတာတွေလည်းရှိနေပါတယ်။ CDMပြုလုပ်ကြတဲ့ ဝန်ထမ်းတွေဟာဆိုရင် ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံရတာတွေ ဖမ်းဆီးခံရတာတွေ ရှိနေတာပါ။ အဲ့ဒီအတွက်ကြောင့် မိသားစုနဲ့ ဝေးရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အဲဒီလို ဖမ်းဆီးခံရမှာကြောက်ကြတဲ့သူတွေနဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးတိမ်းရှောင် နေကြရတဲ့သူတွေထဲမှာ CDM ဝန်ထမ်းတွေလည်း အများကြီးပါပါတယ်။
Copyright © 2025 All Rights Reserved by Kantarawaddy Times



