spot_img
18.6 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာဒီးမော့ဆိုမြို့နယ်အတွင်းမှာ ကယန်းနှစ်သစ်ကူးပွဲအခမ်းအနား အကျဉ်းချုံးပြုလုပ်

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ကယန်းနှစ်သစ်ကူးပွဲအခမ်းအနား အကျဉ်းချုံးပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဒီကနေ့ ဒီဇင်ဘာလ ၄ရက်နေ့မှာ ကျရောက်တဲ့ (၂၇၆၁)ခုနှစ် ကယန်းနှစ်သစ်ကူးနေ့အခမ်းအနားကို ဒီးမော့ဆိုမြို့နယ် ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြီး စစ်ရှောင်ပြည်သူတွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကယန်းနှစ်သစ်ကူးကို နှစ်စဉ်နှစ်တိုင်း ခမ်းခမ်းနားနားကျင်းပလာခဲ့ပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေကြောင့် အကျဉ်းချုံးသာကျင်းပခဲ့ရပြီး အခက်အခဲတွေလည်း ရှိတယ်လို့ ဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“အခက်အခဲရှိပါတယ် ကျမတို့ စစ်ရှောင်နေရဲ့အခါ စိတ်ပိုင်းဆိုင်ရာဖြစ်စေ အကုန်လုံးစိတ်ဓါတ်ကျနေတယ်ပေါ့ ဆိုတော့ ဒါကို တစ်နည်းတစ်ဖုံနဲ့ စိတ်ဓတ်ခွန်အားလေးရအောင် ကျမတို့ ကယန်းနေ့ရှိတယ်ဆိုတာ ပြန်ပြီးသတိရအောင် အမှတ်ရအောင်ဆိုပြီးတော့မှ တချို့အခက်အခဲက ဖုန်းလိုင်းမရဘူးပေါ့နော ကိုယ်တိုင်လိုက်ချိတ်ရတာလည်းရှိတယ် စခန်းထဲထိသွားပြီးလိုက်ဖိတ်ရတာရှိတယ် နောက်တစ်ခုက အခက်အခဲက ကျမတို့ ရန်ပုံငွေ မရှိဘူးပေါ့နော မရှိတဲ့အခါကျတော့ စာပေဗဟိုက အလှူငွေနည်းနည်းရတယ် ကယန်းမျိုးဆက်သစ်လူငယ်ကလည်း နည်းနည်းကူပေးတာပေါ့နော ကယန်းအမျိုးသမီးကလည်း နည်းနည်းကူပေးတယ် အဲ့ဒါကြောင့်မလို့ ဒီနှစ်ပွဲပေါ့နော ဖြစ်အောင် ကျင်းပရခြင်းဖြစ်ပါတယ်။”

ကယန်းလူမျိုးရဲ့ စာပေ၊ သမိုင်း၊ ဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှု မပပျောက်ဖို့၊ ကယန်းနှစ်သစ်ကူးနေ့အထိမ်းအမှတ်ကို အမှတ်ရစေဖို့ ရည်ရွယ်ချက်တာဖြစ်ပါတယ်

စစ်ရှောင်စခန်း ၁၀ခုက စစ်ဘေးရှောင်ပြည်သူတွေနဲ့အတူ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

“ကျမတို့စစ်ဘေးရှောင်ဆိုတာက ဝမ်းနည်းခြင်းနဲ့ပဲကြုံတွေ့ရမှာလားဆိုပေမယ့် ဒါပေမယ့် နှစ်သစ်ကူးမှာပျော်ရွှင်ခြင်းဖန်တီးပေးနေတဲ့ ကယန်းအဖွဲ့သားအားလုံး အထူးကျေးဇူးတင်ပါတယ်။ ဒီပျော်ရွှင်မှုက ရှိလာသေးပါလား ပေါ့နော။ ကျမတို့မျှော်လင့်ခြင်းက ဘာလဲဆိုရင်စစ်ဘေးကြောင့်နဲ့ပဲ ဒုက္ခကြောင့်နဲ့ပဲ ရင်ဆိုင်ရမှာလားဆိုတဲ့ စိတ်ဒဏ်ကြောင့်နဲ့ပဲ မျှော်နေတယ် သို့ပေမယ့် ဒီလိုပွဲလမ်းသဘင်တွေပြန်ပြီး ကြုံနေရတယ်။ ဒီလိုဖန်တီးပေးတဲ့ ပွဲလမ်းသဘင်နှစ်သစ်ကူးလည်း ရှိလာခဲ့ပါလား ဒီလိုပါဝင်ဆောင်ရွက်နေရပါလားဆိုပြီး ဝမ်းသားပီတိဖြစ်မိတယ်။ အထူးသဖြင့် စစ်ဘေးရှောင်ကိုဖိတ်ခေါ်ခါကျတော့ စစ်ဘေးရှောင်ကိုအလေးထားတဲ့သူ မြောက်မြားစွာရှိပါလား ပိုပြီးသိရတယ်။ ကျမတို့မှာ စခန်းထိလာပြီး အလှူရှင်လာပေးတယ် အလှူရှင်လာပေးတာမှ မြောက်မြားပြီဆိုပြီးမှ ဝမ်းသာစွာနဲ့ကျေးဇူးတင်ခဲ့တယ် သို့ပေမယ့် ဒီပွဲလမ်းသဘင်မှာလည်း မြောက်မြားစွာပေါ့နော ကျမတို့ကိုထပ်ပြီးဖိတ်ခေါ်တယ် ကျမတို့ကိုလုပ်ဆောင်ပေးတယ် ဖန်တီးပေးခဲ့တယ် ဖိတ်ခေါ်ပေးခဲ့တာ အင်မတန်မှဝမ်းသာပါတယ်လို့။”

ကယန်းနှစ်သစ်ကူးအခမ်းအနားမှာ မိန့်ခွန်းပြောကြားတာ၊ ကယန်းအသင်းအဖွဲ့အသီးသီးက ပေးပို့လာတဲ့ သဝဏ်လွှာဖတ်ကြားတာတွေ ကယန်းဘုံအက ကတာတွေ၊ ကယန်းရိုးရာဆန်ပြုတ်ချက်ပြုတ် ပြိုင်ပွဲ စတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီကနေ့ ကယန်းနှစ်သစ်ကူးအခမ်းအနားကိုတော့ ဒီးမော့ဆိုမြို့နယ်အပြင် ကယန်းဒေသအတွင်း နေရာအချို့မှာလည်း အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ