spot_img
16.7 C
Loikaw
Tuesday 10, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာဖယ်ခုံမြို့နယ်မှာ ကယန်းနှစ်သစ်ကူးအခမ်းအနားကျင်းပ

ဖယ်ခုံမြို့နယ်မှာ ကယန်းနှစ်သစ်ကူးအခမ်းအနားကျင်းပ

-

ကန္တာရဝတီတိုင်း(မ်)

ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ကယန်းသက္ကရာဇ် ၂၇၆၁ ခုနှစ်၊ ကယန်းနှစ်သစ်ကူးနေ့ အခမ်းအနားကို ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေမှာ အကျဥ်းချုပ်ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အကျဥ်းချုံးကျင်းပပြုလုပ်ရတဲ့အပေါ် အစီအစဥ်ဖြစ်မြောက်ရေး တာဝန်ရှိသူတစ်ဦးက ခုလို ပြောပါတယ်။

“ကျနော်တို့ အဓိက ကယန်းနှစ်သစ်ကူးကို နှစ်စဥ်နှစ်တိုင်းကျင်းပလာတဲ့အတွက် အစဥ်အလာမပျက် ထိန်းသိမ်းဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ အဲ့ဒီရည်ရွယ်ချက်အောက်မှာတော့ ကျနော်တို့ ကြီးကြီးမားမားမလုပ်ပါဘူး။ အကျဥ်းချုပ် အခမ်းအနားသာသာပဲ ကျနော်တို့လုပ်ပါတယ်။”

သည့်အပြင် တစ်ဖက်မှာလည်း ကယန်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွှတ်မှုကို ပိုမိုရရှိအောင် ပြုလုပ်ဆောင်ရွက်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနှစ်ကူးနေ့မှာ ဘာသာအလိုက်နှစ်သစ်အတွက် ဝတ်ပြုဆုတောင်းတာနဲ့ အခမ်းအနားမှာတော့ ကယန်းသမိုင်းဖတ်ကြားတာတွေ၊ မိန့်ခွန်းပြောတာတွေ၊ ကယန်းအသင်းအဖွဲ့အသီးသီးမှ ပေးပို့တဲ့ သဝဏ်လွှာဖတ်ကြားတာတွေနဲ့ ကယန်းဘုံအက ကတာတွေ ပြုလုပ်ခဲ့ကြတာပါ။

” နှစ်သစ်ဆိုတဲ့အရာဟာ ကျနော်တို့ရဲ့ ဘဝတစ်ခုကို ပြောင်းလဲစေချင်လို့ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ထိုနည်းတူပဲ တက်လာမယ့် အနာဂတ်မျိုးဆက်သစ်လူငယ်တွေရဲ့ အမှတ်တရတစ်ခုလည်းဖြစ်တယ်။ ထို့နည်းတူပေါ့နော်။ ကလေးသူငယ်ရဲ့ အမျှော်အမြင်မှာ ကျနော်တို့နှစ်သစ်ကူးရှိပါလာ။ ကယန်းနှစ်သစ်ကူးရဲ့ အနှစ်သာရကို သူတို့က ခံစားခွင့်ရတဲ့အတွက်ကြောင့် ပိုပြီးတော့မှ ပြည့်စုံမယ်လို့ ကျနော်အနေနဲ့ ဒီလိုပဲ သုံးသပ်အကြံပြုမိပါတယ်။” လို့ ကယန်းနှစ်ကူးနေ့အခမ်းနားကို ပါဝင်တက်ရောက်လာတဲ့ ပြည်သူတစ်ဦးက ဆိုပါတယ်။

နှစ်သစ်ကူးအကြိုညမှာတော့ အလံတင်အခမ်းအနားပြုလုပ်တာ၊ ကယန်းဘုံအက ကတာ၊ ကယန်းအကပြိုင်ပွဲပြုလုပ်တာ၊ ဖျော်ဖြေရေးအစီအစဥ်ပြုလုပ်တာနဲ့ နှစ်သစ်ကူးကို ကြိုဆိုခဲ့ကြပါတယ်။

ဒီနှစ်သစ်ကူးအစီအစဥ်မှာ ကယန်းအသင်းအဖွဲ့တွေ၊ ဒေသခံလူထုတွေနဲ့ အလယ်ကယန်းဒေသက စစ်ရှောင်ပြည်သူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဒီနှစ် ကယန်းနှစ်သစ်ကူးနေ့ကိုတော့ ကယန်းဒေသတွင်း အချို့နေရာတွေမှာလည်း အကျဥ်းချုပ်ကျင်းပပြုလုပ်တာတွေလည်းရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ