မင်္ဂလာပါ….
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ဧပြီလ ၃ ရက် သောကြာနေ့အတွက် ရုပ်သံသတင်းကို တင်ဆက်ပေးသွားပါမယ်။
00:00 – အဖွင့်
00:44 – ကရင်နီမှာ ဓာတ်ဆီစျေး ၃ ဆ အထိ ဈေးမြင့်တက်သွားပါတယ်။
02:22 – စစ်ကော်မရှင်က မော်ချီးကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
03:13 – ရှမ်းတောင်မှာ နေအိမ်ဖျက်ဆီးတာကိုကန့်ကွက်တဲ့ ညောင်ပင်ရွာသူကြီးအပါဝင် ဒေသခံ ၁၂ ဦး ဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ PYO က ပြောပါတယ်။
04:35 – ဖရူဆို – ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာကို စစ်ကော်မရှင်တပ် မီးရှို့ဖျက်ဆီးခဲတဲ့အတွက် လူနေအိမ် ၁၆ လုံး မီးလောင်ပျက်စီးသွားပါတယ်။ ဒီသတင်းတွေကို နားဆင်ရမှာပါ။
05:32 – အပိတ်
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းရုပ်သံသတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး ဘေးကင်းလုံခြုံကြပါစေရှင့်…..ကျမ မော်ညားမာပါ။
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ဧပြီလ ၃ ရက် သောကြာနေ့အတွက် ရုပ်သံသတင်း
-





