နှစ်စဉ် အောက်တိုဘာလတွင် ကရင်နီမျိုးနွယ်စုဝင် ကယားလူမျိုးတို့သည် စိုက်ပျိုးထားသော သီးနှံများကို ပူဇော်လှူဒါန်းလေ့ရှိကြပါတယ်။ ဤပွဲတော်ကို တျားအီလူးဘိုးပလျာ (ခေါ်) ထွက်ခါစ စပါးနှံကို ပူဇော်လှူဒါန်းပွဲဟု ခေါ်ဆိုကြပါတယ်။
ဒီတစ်ပတ် Lifestyle ဗီဒီယိုအစီအစဉ်မှာတော့ Kantarawaddy Times အဖွဲ့က ရိုက်ကူးတင်ဆက်ထားတဲ့ တျားအီလူးဘိုးပလျာ (ခေါ်) ထွက်ခါစ စပါးနှံကို ပူဇော်လှူဒါန်းပွဲတော်ရဲ့ ရိုးရာဓလေ့အကြောင်းများကို လေ့လာကြည့်ရှုကြရအောင်ပါ။
ထို့အပြင် ကရင်နီမျိုးနွယ်စုများ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းများ၊ ရိုးရာဝတ်စားဆင်ယင်မှုများ၊ ရိုးရာအစားအသောက်များနှင့် ရိုးရာတူရိယာ အတီးအမှုတ်များကိုလည်း KT Lifestyle အစီအစဉ်မှတစ်ဆင့် ဆက်လက်တင်ဆက်ပေးသွားမည် ဖြစ်ပါတယ်။
ကရင်နီလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အလှတရားများကို သိရှိနိုင်ဖို့ ဒီဗီဒီယိုကို ကြည့်ရှုလိုက်ပါ။





