spot_img
22.7 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းNUG ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို ထောက်ခံကြောင်း CRSH ဆို

NUG ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို ထောက်ခံကြောင်း CRSH ဆို

-

ကန္တာရဝတီတိုင်း(မ်)

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကဦးဆောင်မယ့် နိုင်ငံရေးကို ထောက်ခံကြောင်း ကယားပြည်နယ်ရဲ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRSH အဖွဲ့ဝင် ဒေါ်အယ်ဗလင်းက ပြောပါတယ်။

“ကယားပြည်နယ်ရဲ့လွှတ်တော်ကိုယ်စားပြုကော်မတီ ( CRSH ) အနေနဲ့လည်း NUG အပေါ်လုံးလုံးလျားလျားထောက်ခံတယ်လို့ ထပ်ဆင့်ပြီးပြောချင်တယ်ပေါ့နော။ အခုလောလောဆယ်ကတော့ တရားဝင်စာတွေထုတ်ဖို့အတွက် အခက်အခဲရှိပေမယ့်လည်း CRSH အနေနဲ့က NUG ဖွဲ့စည်းမှုအပေါ်မှာလည်း လုံးလုံးလျားလျားထောက်ခံပြီးတော့မှ NUG ဦးဆောင်မှုနဲ့ ပြည်နယ်ကိုခေါင်းဆောင်သွားမယ့်အနေအထား ရှိတယ် ” လို့ ပြောချင်ပါတယ်။

NUG ကို CRPH က ဧပြီလ၁၆ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး တို့ကို လုပ်ဆောင်မယ်လို့ဆို ပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားပြီး အမြင်သဘောထားတွေကို စုစည်းနိုင်တဲ့အတွက်လည်း အသိအမှတ်ပြုတယ်လို့ သူကဆက်ပြောပါတယ်။

အခုလက်ရှိမှာ NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ ကိုက်ညီမယ့် ပညာရေးကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက CDM ဝန်ထမ်းတွေကို ကူညီဆောင်ရွက်သွားမယ်လို့ ဧပြီလ ၂၀ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၂လကျော်အကြာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ်ဏ္ဍတွေအတွက် ကယားပြည်နယ်မှာ ကယားပြည်နယ်ရဲ့လွှတ်တော်ကိုယ်စားပြုကော်မတီ ( CRSH ) နဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ( KSCC ) ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ