TAG
NUG
ကရင်နီပြည်အတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ သန်းသုံးရာနီးပါးကို NUG ထောက်ပံ့ပေးခဲ့ဟုဆို
ကန္တာရဝတီတိုင်း(မ်)
အမျိုးသားညီညွတ်ရေးအစိုး ( NUG )က ကရင်နီပြည်အတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ( ၂၈၁.၂၅ )ကျပ်သန်းကို ထောက်ပံ့ပေးခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာမှ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထုတ်ပြန်ချက်ပါဖော်ပြချက်အရ ၂၀၂၁ခုနှစ် ဧပြီလ (၁၀)ရက်မှ ၂၀၂၂ခုနှစ် ဧပြီလ (၁၀)ရက်နေ့အတွင်း ထောက်ပံ့ခဲ့တာဖြစ်ပြီး...
(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ခူထဲဘူး နှင့် ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းခြင်း
https://youtu.be/YCL04B4a3VY
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ တော်လှန်ရေးကာလအတွင်း ကရင်နီပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကို ဘယ်လိုထောက်ပံ့မှုပေးနေတာရှိလဲ။ စစ်ရှောင်ပြည်သူအတွက် ဘာတွေ ဆောင်ရွက်ပေးနေလဲဆိုတာနဲ့ပါတ်သက်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ခူထဲဘူး နှင့် ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
ကရင်နီကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ခွန်းဖိလစ်နှင့်တွေ့ဆုံခြင်း
ကန္တာရဝတီတိုင်း(မ်)
အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ Covid-19 Task Force (CTF) မှာ ပါဝင်တဲ့ ကရင်နီကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ခွန်းဖိလစ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ကန္တာရဝတီတိုင်း(မ်) ။ ။ CTF မှာ ကရင်နီကျန်းမာရေးဌာနအနေနဲ့ ဘယ်လိုပူးပေါင်း ပါဝင်ဖြစ်တာလဲ။
ခွန်းဖိလစ် ။...
လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးဖို့ စီစဉ်နေပြီဖြစ်ကြောင်း NUG ပြော
ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံလူဦးရေရဲ့ ၂၀ရာခိုင်းနှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့အတွက် စတင်ဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ဒေါက်တာဆာဆာက ဒီကနေ့ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
“ မြန်မာနိုင်ငံ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကို အနည်းဆုံး ဗာကာလုပ်နိုင်ဖို့ ကြိုးစားနေတယ်ဆိုတာကိုလည်း ပြည်သူတွေကို ပြောကြားလိုပါတယ်။...
နိုင်ငံတကာက သတ်မှတ်ထားတဲ့ စစ်ရေးဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာဖို့ NUG တိုက်တွန်း
ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံရှိ ပြည်သူလူထုများဟာ အခြေအနေအမျိုးမျိုးကြောင့် ခုခံကာကွယ်တဲ့အဆင့်သာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီလို မထိမဲ့မြင် တရားမဲ့ တိုက်နေတာမဟုတ်တဲ့အတွက် နိုင်ငံတကာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်တွေကို လိုက်နာဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗဟန်းထန် က တိုက်တွန်းထားပါတယ်။
“စစ်ကောင်စီလိုမျိုး မထိမဲ့မြင် တရားမဲ့ လက်လုလုပ်နေတာမဟုတ်ဘူး...
CDMဝန်ထမ်းတွေကို ပံ့ပိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ KSCCဆို
ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) အနေနဲ့ စစ်အာဏာကိုဆန့်ကျင်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMမှာ ပါဝင်ကြတဲ့ ဝန်ထမ်းတွေကို ကူညီနိုင်ရေးကို ဆောင်ရွက်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
" KSCC အနေနဲ့ လည်း ကျနောတို့ CDMကိစ္စတွေ သပိတ်ကိစ္စတွေ နောက်လူမှုကယ်ဆယ်ရေး ကိစ္စတွေ ကျနောတို့ ပေါလစီရေးဆွဲပြီးတော့...
လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးအဖြစ် NUG က ကယန်းတိုင်းရင်းသား ဗဟန်းထန် ကိုခန့်အပ်
ကန္တာရဝတီတိုင်း(မ်)
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအဖြစ် ကယန်းတိုင်းရင်းသား ဗဟန်းထန် ကို ခန့်အပ်လိုက်ပါတယ်။
တော်လှန်ရေးမိဘနှစ်ပါးမှ ပေါက်ဖွားလာတဲ့ အသက် ၃၉နှစ်အရွယ် တစ်ဦးတည်းသော သားဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၀ ခုနှစ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျောင်းပြီးခဲ့သူဖြစ်ပါတယ်။
မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကယန်းပြည်သစ်ပါတီမှာ ယခင်က ပြည်တွင်းပြည်ပမဟာမိတ်ဆက်ဆံရေးအပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
"တာဝန်ပေးအပ်တဲ့အပေါ်မှာတော့ နိုင်ငံရေးရဲ့ဖြစ်ပေါ်နေတဲ့အခြေအနေအရ...
KSCC နဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို အောင်မြင်တဲ့အထိ စုပေါင်းဆောင်ရွက်သွားမယ်လို့ NUG ဝန်ခံကတိပြု
ကန္တာရဝတီတိုင်း(မ်)
အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ (NUG) မှ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) နဲ့အတူ ပြည်ထောင်စုရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှုရှိပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို မိတ်ဖက်အဖွဲ့အားလုံးနဲ့ လက်တွဲပြီး ရည်မှန်းချက်အောင်မြင်ပြီးမြောက်တဲ့အထိ စုပေါင်းဆောင်ရွက်သွားမယ်လို့ ဝန်ခံကတိပြုလိုက်ပါတယ်။
NUG မှ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းလက်မှတ်ရေးထိုးထားတဲ့ အထက်ပါ ဝန်ခံကတိပြုတဲ့...
NUG ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို ထောက်ခံကြောင်း CRSH ဆို
ကန္တာရဝတီတိုင်း(မ်)
အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကဦးဆောင်မယ့် နိုင်ငံရေးကို ထောက်ခံကြောင်း ကယားပြည်နယ်ရဲ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRSH အဖွဲ့ဝင် ဒေါ်အယ်ဗလင်းက ပြောပါတယ်။
"ကယားပြည်နယ်ရဲ့လွှတ်တော်ကိုယ်စားပြုကော်မတီ ( CRSH ) အနေနဲ့လည်း NUG အပေါ်လုံးလုံးလျားလျားထောက်ခံတယ်လို့ ထပ်ဆင့်ပြီးပြောချင်တယ်ပေါ့နော။ အခုလောလောဆယ်ကတော့ တရားဝင်စာတွေထုတ်ဖို့အတွက် အခက်အခဲရှိပေမယ့်လည်း CRSH အနေနဲ့က NUG ဖွဲ့စည်းမှုအပေါ်မှာလည်း...
NUG က ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အဆင်သင့်ရှိကြောင်း ဆရာများသမဂ္ဂကဆို
ကန္တာရဝတီတိုင်း(မ်)
အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) ကို ထောက်ခံကြောင်းနဲ့ ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အဆင်သင့်ရှိကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလိုက်ပါတယ်။
NUG က ပညာရေးဌာနအတွက် တာဝန်ပေးထားတဲ့ ဝန်ကြီးရဲ့လမ်းညွှန်မှုကိုပဲလိုက်နာသွားမယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။
"ဟုတ်။ ကျနော်တို့ ပညာရေးဝန်ကြီးဌာနမှာပေါ့နော။...