spot_img
30.9 C
Loikaw
Thursday 12, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းKRU အဖွဲ့မှ ပထမဆုံးအကြိမ် စစ်ဘေးရှောင်တွေအတွက် ရိက္ခာခြောက်နှင့်ဆေးဝါးများ လှူဒါန်း

KRU အဖွဲ့မှ ပထမဆုံးအကြိမ် စစ်ဘေးရှောင်တွေအတွက် ရိက္ခာခြောက်နှင့်ဆေးဝါးများ လှူဒါန်း

-

ကန္တရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း တစ်နေရာမှ လိုအပ်နေတဲ့ မိုးကာ၊ဆန်၊ဆီ၊ဆားနှင့် ရိက္ခာခြောက်များလှူဒါန်း သွားရောက်လှူဒါန်းခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU ကပြောပါတယ်။

ဒါ့အပြင် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေကိုလည်းဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ KRU တာဝန်ရှိသူ တစ်ဦးမှ ဆိုပါတယ်။

” အခုသွားရောက်လှူဒါန်ခဲ့တဲ့ နေရာကတော့ အလှူရှင်ထောက်ပံ့မှု နည်းတယ်လို့ သတင်းကြားလို့ပေါ့နော်။ အဲတာနဲ့ သွားလှူဖြစ်သွားတာ‌ပေါ့နော ။ အဓိကတော့ ဆေးဝါးရယ်၊ မိုးကာ၊ ဆန်၊ဆီ၊ဆား၊ ရိက္ခာခြောက်ရယ်ပေါ့” လို့ KRU တာဝန်ရှိသူတစ်ဦးက ကန္တရဝတီတိုင်း(မ်)ကို ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းကလူတွေက ၂၀၂၂ ခုနစ် မတ်လ ပိုင်း လောက်မှ စစ်ဘေးရှောင်နေရတာဖြစ်ပြီး အိမ်ထောင်စု (၁၆)စုနဲ့ ကလေး (၁၄) ယောက်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင် မိခင်နဲ့ အသက် (၇၀) ကျော် (၈၀) ကျော် အဖိုး အဘွားတွေလည်း ရှိတယ်လို့ လည်းသူကဆက်ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် ယနေ့အချိန်ထိ စစ်ဘေးဒုက္ခသည် ၂သိန်း ဝန်းကျင်ရှိကာ တောတွေတောင်တွေထဲ စစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ