Homeသတင်းဖမ်းဆီးထိန်းသိမ်းထားသူ ၁၂၆ ဦးရှိပြီး ၂၄ ဦးကို ခံဝန်ကတိနဲ့ ပြန်လွတ်ပေး ခဲ့ကြောင်း KSCC ထုတ်ပြန်။

ဖမ်းဆီးထိန်းသိမ်းထားသူ ၁၂၆ ဦးရှိပြီး ၂၄ ဦးကို ခံဝန်ကတိနဲ့ ပြန်လွတ်ပေး ခဲ့ကြောင်း KSCC ထုတ်ပြန်။

-


ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူ ၁၂၆ ဦး ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်း က တောင်းဆိုမှု၊ လူသားချင်းစာနာထောက်ထားမှုတွေကြောင့် အဲဒီထဲက ၂၄ ဦးကို ခံဝန်ကတိ နဲ့ ပြန်လည်လွတ်ပေးခဲ့တယ်လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC က ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ ထောက်တိုင်အဖြစ် ပါဝင်သူနဲ့ ရာဇဝတ်မှု ကျုးလွန်သူ သူတွေကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

ယခင်ကာလတွေတုန်းကလဲ တရုတ်နိုင်ငံသား ၄ ဦးနဲ့ အခြားအကျဉ်းသားတွေကို ပြန်လွတ်ပေးခဲ့တာရှိတယ်လို့ သိရပါတယ်။


ပြည်သူလူထု အသက်အိုးအိမ် ကာကွယ်စောင့်ရှောက်ဖို့၊ နယ်မြေ ထိန်းချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် စကစ ထောက်လှမ်းရေးတပ်များ၊ စကစ ဒလံများ၊ စကစတပ်ဖွဲ့ဝင်များ၊ စကစရဲများ၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်နေသူတဲ့ ရာဇဝတ်မှုကျူးလွန်ကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းသွားမယ်လို့ ဆိုပါတယ်။


စစ်ကောင်စီရဲ့ ထောက်တိုင်အဖြစ်ပါဝင်နေသူတွေ ပြည်သူ့အစိုးရ၊ ပြည်သူ့တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြဖို့ကိုလည်း ထုတ်ပြန် တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ