spot_img
27.8 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းဆိုလျားကူးတိုက်ပွဲအတွင်း လွိုင်ကော် PDF ရဲဘော်တစ်ဦးကျဆုံး၊ စစ်ကောင်စီဖက်မှ နှစ်ဦးသေ

ဆိုလျားကူးတိုက်ပွဲအတွင်း လွိုင်ကော် PDF ရဲဘော်တစ်ဦးကျဆုံး၊ စစ်ကောင်စီဖက်မှ နှစ်ဦးသေ

-

ကန္တာရဝတီတိုင်း( မ် )

ဖရူဆိုမြို့နယ် ဆိုလားကူးကျေးရွာမှာ ဩဂုတ်လ ၉ရက်နေ့မှ ၁၂ရက်နေ့အထိ ၄ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း လွိုင်ကော် PDF မှ ရဲဘော် စီနီးလို ကျဆုံးခဲ့တယ်လို့ လွိုင်ကော် PDF က ဒီကနေ့ ဩဂုတ်လ ၁၂ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 အင်အား ၂၀၀၊ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ လွိုင်ကော် PDF အပြင် KA၊ KNDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး၊ တပ်ရင်း ၁၁၀၁၊ ဒီးမော့ဆို PDF၊ တပ်ရင်း ၁၁၀၇၊ မိုးဗြဲ PDF၊ KRU နှင့် KGZ စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ ၉ရက်နေ့ကစ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 ဩဂုတ်လ ၉ရက်နေ့ တိုက်ပွဲအတွင်း လွိုင်ကော် PDF မှ အသက် ၁၉နှစ်အရွယ် စီနီးလိုကျဆုံးသွားသလို ရဲဘော်နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ၄ရက်အတွင်း စစ်ကောင်စီဘက်က ၂ဦးနဲ့အထက် ကျဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့ကလည်း ဆိုလျားကူးတိုက်ပွဲအတွင်း စစ်ကောင်စီ ၁၁ဦးကို ပစ်ခတ်နိုင်ခဲ့တယ်လို့ ဩဂုတ်လ ၁၀ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက် ဆိုလျားကူးကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကောင်စီတပ်တွေရှိနေတဲ့အတွက် ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်မယူရဲဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 တိုက်ပွဲအတွင်း လက်နက်ကြီးတွေပစ်ခတ်မှု ရှိခဲ့ပြီး ကျေးရွာနေအိမ်၊ ခန်းမဆောင် ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ