Homeသတင်းအခက်အခဲတွေကြားထဲမှ KNDF သီချင်းကိုဖန်တီးနိုင်ခဲ့

အခက်အခဲတွေကြားထဲမှ KNDF သီချင်းကိုဖန်တီးနိုင်ခဲ့

-

We Are KNDF သီချင်းရဲ့ MTV ရိုက်ကူးရေးမြင်ကွင်းတချို့

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ရဲ့ We Are KNDF သီချင်းကို အခက်အခဲတွေကြားကဖန်တီးနိုင်ခဲ့ပါတယ်။

“ဒီသီချင်းရဲ့နာမည်က We Are KNDF ပေါ့နော်။ ဒီသီချင်းမှာပါတဲ့အကြောင်းအရာတွေကတော့ ကျနော်တို့ဒီတော်လှန်ရေးမှာ တချို့ဆိုအနုပညာရှင်တွေလဲပါတယ်။ ကဏ္ဍပေါင်းစုံလူငယ်ပေါင်းစုံပါတယ် ဆိုတဲ့အကြောင်းကို ကျနော်ဖော်ကျူးချင်တာပေါ့နော်။ ဒီသီချင်းကိုရေးတာ အချိန်တော့တော်တော်ယူခဲ့ရပါတယ်။ ” လို့KNDF သီချင်းကိုရေးစပ်သူ ကိုအိုင်ဖောင်းက အခုလိုပြောပါတယ်။

သီချင်းကိုဖန်တီးတဲ့နေရာမှာလဲ သီချင်းစာသား မပြည့်စုံမှု၊ နဲ့ နည်းပညာအခက်အခဲတွေများကြီး ကြားထဲက ကြိုးစား ဖန်တီးခဲ့တယ်လို့သိရပါတယ်။ သီချင်းရဲ့ အကြောင်းအရာကတော့ ကရင်နီပြည်ရဲ့ ရဲစွမ်းသတ္တိ ရှိတဲ့ လူငယ်များအကြောင်း၊ ပြည်သူတွေအတွက် အသက်ပေးကာကွယ်တိုက်ခိုက်ဖို့ အသင့်ရှိနေတဲ့ အကြောင်းကို ဖော်ကျူးရေးစပ်ထားတဲ့ သီချင်းဖြစ်ပါတယ်။

“အခက်အခဲတွေကတော့အများကြီးရှိတယ်။ ဘာလို့လဲဆို ထုံးစံတိုင်း ကျနော်တို့ကမြို့ပေါ်သွားပြီးလုပ်လို့မရဘူး တောတောင် ကြားထဲမှာဘဲ ရရာ Softwere လေးတွေနဲ့ မပြည့်စုံပါဘူး။ နားလည်တဲ့ပညာရှင်တွေဆိုရင် ကျွန်တော်တို့ကို ပြောစရာဖြစ်နိုင်တယ်။ ကျနော်တို့သွားအသံသွင်းတဲ့နေရာ ဆိုသုံးရက်ခရီးကြာတယ်။ တစ်ရက်လောက်ခြေကျင်လျောက် လိုက်ရတယ်ပေါ့။ ပစ္စည်းတွေကစရှိတာလေးနဲ့ဘဲဖန်တီးလိုက်ရတာဖြစ်တယ်။ တကယ်တမ်းအခွင့်အရေးရှိလို့ ကောင်းကောင်းလေ းဖန်တီးလိုက်ရမယ်ဆိုရင် ဒီထက်ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ကျနော်တို့ယုံကြည်တယ်။ ဒါပေမဲ့လဲ ရှိဒါနဲ့အကောင်းဆုံးနဲ့ ကျွန်တော်တို့ဖန်တီးထားတာဖြစ်တယ်ပေါ့။” လို့ ကိုအိုက်ဖောင်းက ဆိုပါတယ်။

We Are KNDF သီချင်းကို Click For Freedom Youtube Channel မှာ မကြာမီတင်ဆက်မှာဖြစ်ပြီး ပြည့်သူတွေအနေနဲ့ဝိုင်ကူclick ကြဖို့လဲဆက်လက်ပြောကြားထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ