spot_img
19 C
Loikaw
Friday 17, October 2025
spot_img
Homeသတင်းမိုးဗြဲမြို့ ဘုရားကျောင်းဝန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ပြန်လည်ဆုတ်ခွာ

မိုးဗြဲမြို့ ဘုရားကျောင်းဝန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ပြန်လည်ဆုတ်ခွာ

-



ကန္တရဝတီတိုင်း(မ်)

မိုးဗြဲမြို့ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းဝန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၁၂ရက်နေ့မှာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် က စက်တင်ဘာလ ၁၂ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီဘုရားကျောင်းဝန်းကို တပ်ပေါင်းစုအဖွဲ့ ဝင်ရောက်ရှင်းလင်းရာ 7.62ကျည်ဆံ (၅၂၁)တောင့်၊ 5.56ကျည်ဆံ (၂၆၀) တောင့်၊ စုဗုံး (၁၄) လုံး၊ ကျည်ဘောက် (၈) ခု၊ RPG (၁) လုံး၊ ၁၈မိုင်း (၁) လုံး၊ သေတ္တာ (၂) လုံး၊ 79သီး (၂) လုံး ကို သိမ်းဆည်းရမိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သို့ပေမယ့် ဘုရားကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်က မိုင်းအမြောက်အများထောင်ထားတဲ့အတွက် ပြည်သူအနေနဲ့ ဘုရားကျောင်းဝန်းပတ်လည်ကို သွားလာခြင်းမပြုကြဖို့ မိုးဗြဲPDF က အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်နေ့မှစတင်ကာ ၁၂ရက်နေ့အထိ ၅ရက်ဆက်တိုက် မိုးဗြဲမြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ၆၀ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သလို လက်နက်ခဲယမ်းအမြောက်အများကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

စစ်ကောင်စီဖက်က အကျအဆုံးများတာကြောင့် စက်တင်ဘာလ ၉ရက်နေ့ကစ လေကြောင်းပစ်ကူ ၁၅ကြိမ်ခန့် အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကြီးအလွန်အကျွံအသုံးပြုပြီးတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မိုးဗြဲမြို့ ပွဲကုန်း (၁) (၂) (၃) ရပ်ကွက်က နေအိမ် ၄၀ထက်မနည်းဟာ စက်တင်ဘာလ ၁၁ ရက်တည်းမှာ ပျက်စီးခဲ့ရပါတယ်။

တိုက်ပွဲအတွင်း မိုးဗြဲမြို့ပေါ်ရပ်ကွက်က ဒေသခံနေအိမ် ၁၀၀ထက်မနည်း ပျက်စီးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က စက်တင်ဘာလ ၁၂ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဝါရီဆူးပလိုင်ကျေးရွာကနေ မိုးဗြဲမြို့တွင်းကို အင်အား ( ၁၀၀ ) ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲ ၅ရက်ဆက်တိုက် အပြင်းအထန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ