spot_img
24.1 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာဖတ်စာအုပ် မလုံလောက်မှုကြောင့် ကျောင်းကို ယာယီပိတ်ထား၊ လာမယ့်အောက်တိုဘာလမှာ ပြန်လည် ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်

ဖတ်စာအုပ် မလုံလောက်မှုကြောင့် ကျောင်းကို ယာယီပိတ်ထား၊ လာမယ့်အောက်တိုဘာလမှာ ပြန်လည် ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်

-

ကေးဒူ (ကန္တာရဝတီတိုင်း (မ်))

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းက စစ်ရှောင် စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသုံးစာရေးကိရိယာတွေ၊ ဖတ်စာအုပ်တွေ လုံလုံလောက်လောက် မရှိသေးတဲ့အတွက် ကျောင်းကို ယာယီပိတ်ထားရပြီး လာမယ့်အောက်တိုဘာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဖတ်စာအုပ်တွေ မလုံလောက်မှုတွေကြောင့် စာသင်တဲ့အချိန်တွေမှာ အခက်အခဲရှိပြီး အချိန်ပိုကုန်တယ်လို့ အဲဒီကျောင်းမှာ ပညာသင်ပေးနေတဲ့ volunteer ဆရာမတစ်ဦးဖြစ်တဲ့ မဘယ်ရောနီကာ က ပြောပါတယ်။

“ကလေး နှစ်ယောက်ကို တစ်အုပ် ကြည့်ရတာမျိုး သုံးယောက်ကို တစ်အုပ်ကြည့်ရတာမျိုး ဥပမာ ၇ တန်းမှာဆို အစတုန်းကဆို စာအုပ်မရှိဘူးလေ ဖတ်စာအုပ်ဆို လုံးဝအဆင်မပြေဘူး။ အဲဒါနဲ့ စာပိုဒ်မျိုးဆို ဆရာမတွေက သင်ပုန်းတွေပေါ်မှာ ပြန်ရေးချရတယ်။ အဲ့ကြောင့် အချိန် တအားကြာတယ်။ အဲဒါ အခက်အခဲရှိတယ်။ ဖတ်စာအုပ်က တော်တော်လေးကိုအခက်အခဲရှိတယ်။”လို့ မဘယ်ရောနီကာ ကပြောပါတယ်။

မူကြိုကနေ အလယ်တန်းအထိ ကျောင်းသား/သူ အင်အား ၁၀၀ ကျော်ရှိပြီး ဆရာ/ဆရာမ ၁၂ ယောက်နဲ့သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာတော့ စာသင်ကျောင်းမှာ လိုအပ်နေတဲ့ စာရေးကိရိယာ တချို့ KNDF တပ်ရင်း ၉၊ တပ်ရင်း ၁၀ တို့ မှ သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။ စစ်ရှောင်နေရတာကြာပြီဖြစ်တဲ့အတွက် ကလေးတွေကို ပျော်ရွှင်အောင် စိတ်ဓါတ်မကျအောင်ဆိုပြီး ကလေးတွေနဲ့အတူ အက၊ သီချင်းတွေနဲ့ ဖျော်ဖြေပေးခဲ့တယ်လို့လည်း သိရပါတယ်။

ကရင်နီပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျေးလက်ဒေသ၊ စစ်ရှောင်စခန်းတွေမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကြားကာလပညာရေးကို သင်ကြားပေးနေတဲ့ ကျောင်းပေါင်း ၃၀၀ကျော်ရှိပြီး ၎င်းတို့အတွက် စားရေးကိရိယာ၊ ဖတ်စာအုပ်၊ ကျောင်းစာသင်ဆောင် လိုအပ်နေဆဲလို့ ဆောင်ရွက်ပေးတဲ့အဖွဲ့အစည်း အသီးသီးထံကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ