spot_img
21 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒေသခံတွေ သွားလာရေးအားထားရတဲ့ တံတားကို ကိုယ်ထူကိုယ်ထ ပြုပြင်

ဒေသခံတွေ သွားလာရေးအားထားရတဲ့ တံတားကို ကိုယ်ထူကိုယ်ထ ပြုပြင်

-

CJ (ကန္တာရဝတီတိုင်း(မ်))

ဖရူဆိုမြို့နယ်အနောက်ခြမ်း စစ်ဘေးရှောင်စခန်းသွားလမ်းနဲ့ ဒေသခံတွေ အဆင်ပြေဖို့အတွက် စစ်ရှောင်နဲ့ ဒေသခံကျေးရွာသားတွေစုပေါင်းပြီး ပျဉ်တံတားအသစ်ကို ကိုယ်ထူကိုယ်ထ ပြုပြင်နေကြတယ်လို့ သိရပါတယ်။

ယခင်က တံတားနေရာမှာ ကျဉ်းသလို ၃တန်အထက် သယ်ယူပို့ဆောင်ရေးမှာလည်း အခက်အခဲဖြစ်တာကြောင့် ၃တန်အထက် ကားကြီးအပြင် ဒိုင်ဘာကားကြီးတွေ သွားလာနိုင်ဖို့အတွက် အသစ်ပြင်လိုက်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်က တံတားက နည်းနည်းကျဥ်းတယ် ပြီးတော့ ဒိုင်ဘာကားတွေ သွားလို့မရဘူးလေး၊ ၃ တန် အထက် သွားလာရတာ စိတ်မချရဘူး၊ မိုးတွင်းဆိုတော့ ပိုခက်ခဲတော့ ပြန်ပြီးတော့ အသစ်ပြင်လိုက်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမိုးတွင်းကာလလည်းဖြစ်ပြီး စစ်ရှောင်စခန်းအတွက် သယ်ယူပို့ဆောင်ရေးမှာလည်း အခက်အခဲဖြစ်တာကြောင့် အဆင်ပြေစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

တံတားပြုပြင်နိုင်ရေးအတွက် အလှူငွေ ၂၅သိန်းရရှိထားပြီး ကျေးရွာဒေသခံနဲ့ စစ်ရှောင်အင်အားနဲ့ ကိုယ်ထူကိုယ်ထဆောင်ရွက်နေကြတာပါ။

အဆိုပါတံတားကို ဒေသခံအပြင် စစ်ဘေးရှောင် လူဦးရေ ၂၀၀၀ ကျော်က သွားလာရေးအားထားရပြီး ကွိုင်ငံရွာသစ်၊ ဆိုလျားကူး၊ မိုဆို၊ ဒေါရောက်ခူ၊ဒေါကူးခူ စတဲ့ ကျေးရွာတွေနဲ့ ချိတ်ဆက်သွားလာနိုင်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ