spot_img
24.1 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုအနောက်ဘက်ခြမ်း နတ်တောင်စစ်ရှောင်စခန်းမှာ ဆေးဝါးလိုအပ်နေ

ဒီးမော့ဆိုအနောက်ဘက်ခြမ်း နတ်တောင်စစ်ရှောင်စခန်းမှာ ဆေးဝါးလိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုအနောက်ဘက်ခြမ်း အမှတ်(၂) နတ်တောင်စစ်ရှောင်စခန်းမှာ သက်ကြီးရွယ်အိုနဲ့ နာတာရှည်ရောဂါအတွက် အသုံးများတဲ့ ဆေးဝါးနဲ့ ရာသီအကူးအပြောင်းမှာ ဖြစ်ကြတဲ့ ကူးစက်မှုတွေအတွက် ဆေးဝါးလိုအပ်နေတယ်လို့ ဆေးခန်းဆရာမတစ်ဦးက ပြောပါတယ်။

“ဆေးတွေအားလုံးတော့မဟုတ်ဘူးပေါ့နော။ တချို့ဆေးတွေ အသုံးများတဲ့ဆေးတွေ နာတာရှည်ရောဂါဖြစ်တဲ့ဟာတွေရယ်နောက်ပြီးတော့ ရာသီဥတုကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေ အဲ့ဒီဆေးတွေပြတ်လတ်နေတာပေါ့” လို့ ဆေးခန်းဆရာမက ပြောပါတယ်။

အလှူရှင်များပုံမှန်မလာနိုင်တာကြောင့် လူနာတွေအနေနဲ့ဆေးဝယ်ဖို့မတတ်နိုင်တဲ့အပြင် ပိုက်ဆံရှိရင်တောင်ဝယ်လို့ အဆင်မပြေတာတွေကြောင့် အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ သူကဆက်ပြောပါတယ်။

“အခက်အခဲတော့အများကြီးကြုံရတာပေါ့ ဆေးမရှိတော့ လူနာတွေကို ဘာဆေးယူပေးရမလဲမသိဘူး ဆေးတွေရရှိဖို့ အလှူရှင်တွေလဲပုံမှန်မလာနိုင်တော့ လူနာတွေကလဲဆေးဝယ်ဖို့မတတ်နိုင်ဘူး တတ်နိုင်ရင်တောင် ဘယ်မှာသွားဝယ်ရမလဲမသိဘူး” လို့ ဆိုပါတယ်။

အဆိုပါစစ်ရှောင်စခန်းမှာ ဆေးဆရာမ ၄ယောက်ရှိပြီး လိုအပ်တဲ့ဆေးဝါးရရှိဖို့အတွက် အလှူရှင်ကထောက်ပံ့ပေးမှုကိုပဲရရှိတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ သက်ကြီးရွယ်အိုနဲ့ ကလေးအများစုရှိပြီး အိမ်ခြေ (၅၈) ရှိကာ နေထိုင်တာ တစ်နှစ်ကျော်ရှိပြီလို့ ဆိုပါတယ်။

ကရင်နီပြည်တွင်းက စစ်ရှောင်စခန်းတော်တော်များများမှာ သက်ကြီးရွယ်အိုအတွက် ဆေးဝါးလိုအပ်လျက်ရှိနေသလို ရာသီအကူးအပြောင်းကာလမှာလည်း တုပ်ကွေး၊ ချောင်းဆိုး၊ နှာစေး မကြာမဏဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ