spot_img
15.1 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းအသက် (၄၀)အရွယ်အမျိူးသမီးတစ်ဦး မျှစ်ရှာရင်း မိုင်းနင်းမိ

အသက် (၄၀)အရွယ်အမျိူးသမီးတစ်ဦး မျှစ်ရှာရင်း မိုင်းနင်းမိ

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ ဇွန်လ (၃)ရက်နေ့က ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် တောင်ဘက်ခြမ်းကျေးရွာတစ်ရွာက အသက် (၄၀)အရွယ် အမျိုးသမီးဟာ မျှစ်ရှာရင်း မိုင်းနင်းမိကာ ခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ကျေးရွာမှာပဲ နေထိုင်ကြရင်းနဲ့ မျှစ်ရှာဖို့ ထွက်သွားတဲ့ချိန်မှာ မိုင်းနင်းမိတာဖြစ်တယ်လို့ အဆိုပါအမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

” အိမ်တွေဘာတွေ ရှိသေးတော့ ရွာထဲမှာပဲ နေကြတာပေါ့နော်။ အဲ့ကနေ ဟင်းရှာထွက်ရင်းနဲ့ နေ့လည်ပိုင်းလောက်မှာ မိုင်းနင်းမိတာ ” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဆိုပါ မိုင်းနင်းမိတဲ့အမျိုးသမီးကို လူမှုအသင်းအဖွဲ့ တစ်ခုက လာရောက်ခေါ်ဆောင်သွားပြီ လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ