spot_img
24 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeမာလ်တီမီဒီယာဖရူဆိုအနောက်ဘက်ခြမ်းမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ရိက္ခာပြတ်မှာကို စိုးရိမ်နေကြ

ဖရူဆိုအနောက်ဘက်ခြမ်းမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ရိက္ခာပြတ်မှာကို စိုးရိမ်နေကြ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဖရူဆိုမြို့ အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်ချို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေတာကြောင့် လာမယ့် မိုးရာသီမှာ စားနပ်ရိက္ခာပြတ်တောက်မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မိုးရာသီမှာ မိုးဆက်တိုက်ရွာရင် အလှုရှင် မဝင်လာနိုင်မှာကို စိုးရိမ်တယ်လို့ အသက် (၄၀)အရွယ် စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“မိုးတွင်းကျရင် မိုးဆက်တိုက် ရွာမယ်ဆိုရင် အလှူရှင် မလာနိုင်မှာ ကြောက်တယ်။လမ်းပန်းဆက်သွယ်ရေးတွေ မကောင်းဘူး။ အလှုရှင် က ကျမတို့ကို မပံ့ပိုးတော့ဘူးဆိုရင် ကျမတို့က ဘယ်မှ ရှာစားလို့မရတော့ဘူး။ ဒီမှာကလည်း တောင်ယာ ခုတ်စားလို့ကလည်း အဆင်မပြေဘူးလေ။” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တချို့တော့ စစ်ရှောင်စခန်းတွေမှာ မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရှိနေတာကြောင့် တော်ရုံတန်ရုံ အလှူရှင်တွေ ရောက်လေ့ မရှိဘူးလို့ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ကေကောတို့ အုပ်စုဘက်က ကျနော်တို့နဲ့ အရမ်းအလှမ်းဝေးတယ် ပြောလို့ရတယ်ပေါ့နော်။လမ်းပန်းဆက်သွယ်ရေးက အရမ်းခက်ခဲတော့ သူတို့ဘက်ဆိုရင် တော်ရုံတန်ရုံ အလှူရှင်တွေ မရောက်ဘူး။ အဲလို အနေအထားမျိူးတော့ ရှိတယ် “လို့ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

မိုးရာသီမှာ စားနပ်ရိက္ခာအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အားနည်းပြီး ဖျားနာတာတွေ အများကြီး ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဖရူဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်စခန်းအုပ်စု (၈)စု ရှိပြီး လူဦးရေစုစုပေါင်း (၆၀၀၀)ကျော်ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ