spot_img
17.1 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော်မြို့က စစ်ကောင်စီ ဂိတ်စခန်း နှစ်ခု တိုက်ခိုက်ခံရ

လွိုင်ကော်မြို့က စစ်ကောင်စီ ဂိတ်စခန်း နှစ်ခု တိုက်ခိုက်ခံရ

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လ (၁၁)ရက် တစ်ရက်တည်းမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေကနေပြီး လွိုင်ကော်မြို့ရှိ စစ်ကောင်စီရဲ့ ဂိတ်စခန်း နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း (၁၄)က ဇွန်လ ၁၃ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

လွိုင်ကော်မြို့ ဒေါတခြားကျေးရွာအနီး စစ်ကောင်စီရဲ့ ဂိတ်တံခါးစခန်းတစ်ခုကိုတော့ ဇွန်လ ၁၁ရက်၊ ညနေ ၆နာရီ ၄၅မိနစ်မှာ KNDF တပ်ရင်း( ၁၄) နဲ့ ပူးပေါင်းတပ်ဖွဲ့ တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး  စစ်ကောင်စီတပ်သားဖက် ထိခိုက်သေဆုံးမူရှိခဲ့ပေမယ့် ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

အလားတူ တစ်ရက်တည်းမှာပဲ နွာလဝိုးကျေးရွာအနီး နွားလဝိုးလမ်းခွဲ စစ်ဆေးရေးဂိတ်စခန်းတစ်ခုကို လက်နက်ကြီးငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သားဖက် ထိခိုက်မူရှိနိုင်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ စခန်းအတွင်းရှိ အဆောက်အဦးတွေလည်း ပျက်စီးမှုများရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဖက် လက်နက်ကြီးပစ်ခတ်မှုကြောင့် KNDF တပ်ရင်း (၁၄) မှ ရဲဘော်နှစ်ဦး အသေးစားထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးလှုပ်ရှားတာတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ သတိထားသွားလာကြဖို့ တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ