spot_img
31.3 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမိုးဗြဲက စစ်ဘေးရှောင်စခန်းတစ်နေရာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ

မိုးဗြဲက စစ်ဘေးရှောင်စခန်းတစ်နေရာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲမြို့က စစ်ဘေးရှောင်စခန်းတစ်နေရာမှာ မနေ့က ဇွန်လ ၁၄ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ၁၅လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ဘေးရှောင်နေတဲ့ အရပ်သားအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ည ၉နာရီခွဲအချိန်ပေါ့နော လက်နက်ကြီး အဆမတန် ပစ်တယ်။ ပစ်ပြီးတော့ စစ်ရှောင်ရဲ့တဲပြောရမှာပေါ့နော ပြည်သူနှစ်ယောက် ဒဏ်ရာရတယ်။ သေသလား ရှင်သလား မပြောတတ်သေးဘူး ဆေးရုံတော့မနေ့ညကတည်းက ပို့ထားတယ်။”လို့ မိုးဗြဲ PDF တပ်ရင်း (၁) မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုအပြင် ဒီကနေ့ မနက််အစောပိုင်း ၂ နာရီဝန်းကျင်မှာပဲ စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဗုံးကျဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှာင်တွေ ခိုလှုံနေတဲ့ တဲအချို့ ပျက်စီးသွားခဲ့ရပါတယ်။

မေလ ၂၇ ရက်နေ့ကစပြီး မိုးဗြဲမြို့တွင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီက မိုးဗြဲမြို့ကို လေယာဉ်ဗုံးကျဲတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား(၂၀) ထက်မနည်း သေဆုံးပြီး နေအိမ်အများအပြားလည်း ပျက်စီးခဲ့ရပါတယ်။

လက်ရှိမှာလည်း စစ်ရေးတင်းမာနေဆဲအခြေအနေဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ လုံခြုံရေးအထူးကရုစိုက်ကြဖို့ နဲ့ မိုးဗြဲ- ပီလင်းလမ်းမကြီးကို အသုံးမပြုကြဖို့ မိုးဗြဲ PDF တပ်ရင်း (၁) က ထပ်မံအသိပေးထားပါတယ်။

ဓါတ်ပုံ – မိုးဗြဲ PDF လင်းယုန်တပ်ခွဲ၊ မိုးဗြဲစစ်ဘေးရှောင်ကော်မတီ

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ