spot_img
21.8 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစိုးရိမ်မှုကြောင့် လွိုင်ကော်မြို့က ပြည်သူတစ်ချို့ ကလေးတွေကို စာသင်ကျောင်းမပို့ရဲ

စိုးရိမ်မှုကြောင့် လွိုင်ကော်မြို့က ပြည်သူတစ်ချို့ ကလေးတွေကို စာသင်ကျောင်းမပို့ရဲ

-

ကန္တာရဝတီတိုင်း(မ်)

ဇွန်လ ၂၈ ရက်နေ့မှာ ကရင်နီပြည် မှာ ထူးခြားတဲ့ အပြောင်းလဲမှု ရှိလာနိုင်တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းကြောင့် လွိုင်ကော်မြို့နေ ကျောင်းသားမိဘတချို့တွေဟာ မိမိရဲ့ကလေးတွေကို စာသင်ကျောင်းမပို့ရဲကြဘူးလို့ သိရပါတယ်။

“သူများတွေက ဒီနေ့ထူးခြားမယ်ဆိုလို့လေ အဲဒါကြောင့် တခုခုဖြစ်မှာစိုးလို့ ကလေးတွေကို ကျောင်းမသွားခိုင်းပဲ အိမ်မှာပဲ နေခိုင်းတာ” လို့ ကျောင်းသားမိခင်တစ်ဦးက ပြောပါတယ်။

ဒီကနေ့ လွိုင်ကော်မြို့ပေါ်မှာတော့ ဈေးတွေ၊ ကျောင်းတွေ ပုံမှန်ဖွင့်လှစ်နေကြပေမယ့် လမ်းသွားလမ်းလာ ပြည်သူတွေ အရင်နေ့တွေထက် ပိုနည်းနေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

ယမန်နေ့က စတင်ပြတ်တောက်ခဲ့တဲ့ ATOM (တယ်လီနော) နဲ့ အော်ရီဒူး ဆက်သွယ်ရေးလိုင်းတွေဟာ လက်ရှိအချိန်ထိ ဆက်သွယ်မှုမရရှိသေးဘူးလို့ သိရပါတယ်။

“ဒီမနက်မှာတေ့ နမ့်ဘော်ဝမ် ရပ်ကွက်ဖက်မှာ စစ်ကောင်စီရဲ့ တင့်ကားတွေ သွားနေတာတွေ့တယ်။ ဘယ်ဖက်သွားလဲတော့ သေချာမသိဘူးပေါ့။ အဲဒီရပ်ကွက်ကနေပဲ ပျောက်သွားတာဆိုတော့ ဒီးမော့ဆိုဖက် သွားတာဖြစ်နိုင်တယ်” လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစပြီး စစ်ရေးပြင်းထန်နေတဲ့ ကရင်နီပြည်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ကို လေယာဉ်တွေ ဆင်းတက်မှုတွေများ နေသလို၊ တခြားမြို့နယ်တွေကို ရဟတ်ယာဥ်တွေမကြာခန ပျံသန်းနေတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ