spot_img
17.6 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းမူးယစ်ဆေးဝါးနှင့်အတူ လက်နက်ဖမ်းမိ

မူးယစ်ဆေးဝါးနှင့်အတူ လက်နက်ဖမ်းမိ

-

စူးမယ်

ဒီးမော့ဆိုမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်များ ဖမ်းမိ ဒီးမော့ဆိုမြို့နယ် နမ့်မယ်ခုံအုပ်စု၊ ဒေါခူကယားရွာ တွင် မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါးနှင့်အတူ လက်နက်များ ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့စု ၂ဝ မှ ဒေါခူကယားရွာရှိ လျားရယ်နေအိမ်သို့ နေအိမ်အပေါ်ထပ် ဘုရားခန်းတွင် အိမ်ရှင် လျားရယ်၊ အန်တောညိုနှင့် ဖရေးရယ်တို့ကို မူးယစ်ဆေးဝါးနှင့် တွေ့ရှိပြီး ဒီးမော့ဆိုမြို့မ ရဲစခန်းမှ မူးစိတ်ပြောင်း အမဖြင့် တရားစွဲဆိုထားကြောင်း ဒီးမော့ဆိုမြို့မ ရဲစခန်းမှ သိရသည်။

ဒေါဘူးကူးကျေးရွာအုပ်စု ဒေါပိတကျေးရွာနေ ဖရေးရယ် အသက် (၃၉)နှစ်ထံတွင် တရုတ်နိုင်ငံလုပ် 9 MM သေနတ်တစ်လက်နှင့် 9 MM ကျဉ် ၂၂ ထောင့်တို့နှင့် သာယကျေးရွာနေ အန်တော်ညို အသက်(၄၉)နှစ်ထံမှ အရည် ရ လက်မခွဲရှိ အဖြူရောင် လုပ်သေနတ်တစ်လက် သိမ်းဆည်းရမိပြီး လက်နက်ဥပဒေ ပုဒ်မ ၁၈၇၈ ခုနှစ်၏ လက်နက်များ အက်ဥပဒေများ ပုဒ်မ ၁၉(စ)ဖြင့် ဒီးမော့ဆိုမြို့နယ် ရဲစခန်းမှ ဆောင်ရွက်ပြီး ခရိုင်တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ