spot_img
21.8 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်ရဲ့ ဖမ်းဆီးနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုကြောင့် ၅ နှစ်ဝန်းကျင်အတွင်း သတင်းသမား (၇)ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်ရဲ့ ဖမ်းဆီးနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုကြောင့် ၅ နှစ်ဝန်းကျင်အတွင်း သတင်းသမား (၇)ဦး သေဆုံးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်ရဲ့ ဖမ်းဆီးနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အထိ ၅ နှစ်ဝန်းကျင်အတွင်း သတင်းသမား (၇)ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ လွတ်လပ်သောမြန်မာ သတင်းမီဒီယာကောင်စီ(IPCM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးခဲ့တဲ့ သတင်းသမား(၇) ဦးလုံးဟာ သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေစဉ်အတွင်းမှာပဲ အသက်ဆုံးရှုံးခဲ့ရသူတွေ ဖြစ်ပါတယ်။

သတင်းသမားတွေ သေဆုံးခဲ့တဲ့ဖြစ်စဥ် အပြင် ၅ နှစ်ဝန်းကျင်မှာ သတင်းသမား ဦးရေ ၂ဝဝ ကျော် ဖမ်းဆီးခံခဲ့ရသလို နိုင်ငံတဝှမ်းက အကျဉ်းထောင် အသီးသီးမှာလည်း သတင်းသမားအနည်းဆုံး (၃၀) ကျော်ကနေ အများဆုံး (၆၀) ဝန်းကျင် အထိ ထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့နောက်ဆုံး စာရင်းအရ သတင်းမီဒီယာသမား (၂၇) ဦးက အကျဥ်းထောင်အသီးသီးမှာ ထိန်းသိမ်းခံရဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အကျဥ်းကျခံနေရဆဲ ၂၇ ဦးထဲမှာလည်း အမျိုးသမီး (၅) ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက် နဲ့ ၁၈ ရက်နေ့မှာ IPCM ကနေ နှစ်ရက်ကြာ ဒုတိယအကြိမ်မြောက် ညီလာခံပြုလုပ်ခဲ့ပြီးနောက် အခုလို ထုတ်ပြန်လာတာပါ။

အဆိုပါ ပြုလုပ်ခဲ့တဲ့ ညီလာခံမှာ ဖမ်းဆီးထောင်ချခြင်း နဲ့ နှိပ်စက်သတ်ဖြတ်ခြင်းခံရတဲ့ သတင်းသမားတွေအတွက် ဆန့်ကျင်ရှုတ်ချကြောင်း ၊ ကျူးလွန်မှုတွေအတွက် တာဝန်ခံမှုရှိဖို့ နဲ့ လက်ရှိအချိန်ထိ အကျဉ်းကျခံနေရဆဲ သတင်းသမား ၂၇ ဦးလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ IPCM ကတောင်းဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ