spot_img
12.6 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းKNDF တပ်ရင်း ၁၁ ရဲ့ (၂ )နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထောက်ပို့တပ်သားသစ် (၂၀၀၀) ခေါ် ယူ

KNDF တပ်ရင်း ၁၁ ရဲ့ (၂ )နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထောက်ပို့တပ်သားသစ် (၂၀၀၀) ခေါ် ယူ

-

ကန္တရ၀တီတိုင်း(မ်)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၁ ရဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထောက်ပို့တပ်သားဦးရေ (၂၀၀၀) ကိုခေါ်ယူနေပြီလို့ KNDF တပ်ရင်း (၁၁) က အောက်တိုဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

“တပ်ရင်းမှာ လိုအပ်နေသည့် လက်နက်များ၊ ကျည်ဆံများ၊ စားစရိတ်၊ ရိက္ခာများ၊ သယ်ယူပို့ဆောင်ရေးများ နှင့် ကျန်းမာရေးကုသစရိတ်များ ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် ထောက်ပို့အဖွဲ့ဝင် ခေါ်ယူရခြင်းဖြစ်တယ်” လို့ တပ်ရင်း၁၁ရဲ့ တာ၀န်ရှိတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ပြောပါတယ်။

ထောက်ပို့တပ်သားတွေအနေနဲ့ တပ်ရင်းအတွက် လစဥ် ကျပ် ၃၀,၀၀၀ နဲ့ ၅၀,၀၀၀ ကျပ်ကို ရွေးချယ် ထောက်ပံ့နိုင်ပြီး ထောက်ပို့တပ်သားအဖွဲ့ဝင် ဦးရေကို (၁၅)ရက်အတွင်းမှာ ကောက်ခံသွားမယ်လို့ အသိပေးထားပါတယ်။

ထောက်ပို့တပ်သားအဖြစ် ပါဝင်လာတဲ့သူတွေက Kpay၊ Nug Pay၊ Wave ကနေ ငွေလွဲနိုင်သလို တစ်နှစ်တာ ထောက်ပို့ပါဝင်ရမှာ ဖြစ်တယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် ထောက်ပို့တပ်သားတွေအတွက် ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပေ ၈၀ ပတ်လည် ခြံမြေ ၊ ဖုန်း၊ ကွန်ပျုတာနဲ့ ရိုးရာဝတ်စုံတွေကို ပြန်လည်မဲဖောက်ပေးသွားမှာ ဖြစ်တယ်လို့ KNDF တပ်ရင်း (၁၁) ရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“တစ်နှစ်ပါဝင်ထောက်ပို့ပြီးတာနဲ့အမျှ တပ်ရင်းဖက်က စိတ်ချလုံခြုံတဲ့ အိမ်ခြံမြေကွက် ၄ကွက် နဲ့ phone 12သိန်းတန် ၄လုံး၊ ကွန်ပျူတာ ၁လုံး၊ ရိုးရာဝတ်စုံ ၆စုံကို တပ်ရင်း ၂နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပြန်လည် မဲဖောက်ပေးသွားမှာဖြစ်ပါတယ်ဗျ။” လို့ သူက ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း (၁၁) စတင်ဖွဲ့စည်းတဲ့ချိန်ကစပြီး (၂)နှစ်အတွင်း တိုက်ပွဲမြောက်များစွာကို မိတ်ဖက်အဖွဲ့အစည်းနဲ့အတူ ပါဝင်ဆင်နွဲခဲ့သလို ရလာဒ်ကောင်းတွေလဲ ဖော်ဆောင်နိုင်ခဲ့တယ်လို့ KNDF တပ်ရင်း(၁၁)က ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ