spot_img
17.4 C
Loikaw
Thursday 19, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလက်နက်ကြီးထိမှန်မှုကြောင့် ရွှေလွိုင်ကော်ပရဟိတအသင်းရဲ့ ရုံးခန်းအပါအဝင် လူနာတင်ကား ၇ စီး မီးလောင်ပြာကျ

လက်နက်ကြီးထိမှန်မှုကြောင့် ရွှေလွိုင်ကော်ပရဟိတအသင်းရဲ့ ရုံးခန်းအပါအဝင် လူနာတင်ကား ၇ စီး မီးလောင်ပြာကျ

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်မှုနေကြာင့် မနေ့က ဒီဇင်ဘာလ ၁၂ ရက်နေ့ ည (၁၁) နာရီ ဝန်းကျင်မှာ ကရင်နီပြည်၊ လွိုင်ကော်မြို့အခြေစိုက် ရွှေလွိုင်ကော်ပရဟိတအသင်းရဲ့ ရုံးခန်းအပါအဝင် လူနာတင်ကား ၇ စီး မီးလောင်ပြာကျခဲ့ရတယ်လို့ ရွှေလွိုင်ကော်ပရဟိတအသင်းနဲ့ နီးစပ်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“စကစဖက်က ပစ်လိုက်တဲ့ လက်နက်ကြီကျတာလေ။ ပြီးတော့ ကားတွေက ဆီအပြည့်တွေလေ။ ပေါက်ကွဲမှုအားတွေ ကောင်းတယ်လေ။ ဓာတ်ဆီကားတွေဆိုတော့လေ” လို့ သူကပြောပါတယ်။

ဒါတွေအပြင် အနီးအနားက အိမ်တချို့လည်း မီးလောင်ပြာကျခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

တစ်လေးလုံး စစ်ဆင်ရေး စတင်ပြီးနောက်မှာ လွိုင်ကော်က ပရဟိတအသင်းတွေကို လူထုတွေကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခြင်းမပြုလုပ်ဖို့ စစ်ကောင်စီက တားမြစ်ထားတာရှိသလို ပရဟိတကားတချို့ သိမ်းဆည်းခံရတာတွေလည်း ရှိပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လွိုင်ကော်မြို့က အသက် (၁၇) နှစ်အရွယ်အမျိုးသား ပရဟိတအသင်းဝင်တစ်ဦး လက်နက်ကြီး ထိမှန်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၁ လေးလုံးမြို့သိမ်းတိုက်ပွဲဟာ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဖက်က လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေယာဉ်ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့် သီရိမင်္ဂလာဈေး (တောင်ဈေး) အပါအဝင်၊ ဘာသာရေးအဆောက်အုံတွေ၊ စေတီတွေနဲ့ လူနေအိမ် အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ