spot_img
18.2 C
Loikaw
Wednesday 25, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုမြို့နယ်ရှိ အင်တောစစ်ဘေးရှောင်စခန်းမှာ တစ်လအတွင်း မြွေကိုက်ခံရသူ (၄)ရှိ၊ ကုသဖို့ ဆေးဝါးမရှိတာကြောင့် အခက်အခဲကြုံ

ဖရူဆိုမြို့နယ်ရှိ အင်တောစစ်ဘေးရှောင်စခန်းမှာ တစ်လအတွင်း မြွေကိုက်ခံရသူ (၄)ရှိ၊ ကုသဖို့ ဆေးဝါးမရှိတာကြောင့် အခက်အခဲကြုံ

-

CJ/ ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက အင်တောစစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယအပတ်ကနေ ဒီဇင်ဘာလ ဒုတိယအပတ်အထိ (၁) လအတွင်း မြွေကိုက်ခံရတဲ့ စစ်ဘေးရှောင် ၄ ဦးရှိနေပြီး စစ်ရှောင်စခန်းမှာ ဆေးဝါးမရှိတာကြောင့် ကုသဖို့ အခက်အခဲတွေ့ကြုံရတယ်လို့ အင်တောစစ်ရှောင်တစ်ဦးက ပြောပါတယ်။

မြွေဆိပ်ဖြေဆေးနဲ့ တခြားကုသရမယ့် ဆေးဝါးတွေကို အင်တောစစ်ရှောင်စခန်းမှာ မရရှိနိုင်တာကြောင့် တခြားဆေးရုံဆေးပေးခန်းတွေကို ပို့ဆောင်ရတယ်လို့လည်း ဆိုပါတယ်။

“ဆေးရုံမှာလည်း ဆေးမရှိလောက်ဘူးထင်တယ်၊ ဘယ်မှာမှ မရပါဘူး ဆေးတွေက။”လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

အင်တောစစ်ရှောင်စခန်းဟာ တောတောင်အနီးမှာရှိတာဖြစ်ပြီး စစ်ရှောင်တွေဟာလည်း တောတောင်တွေမှာ သွားလာနေရတာကြောင့် မကြာခဏ မြွေကိုက်ခံရတတ်တယ်လို့ ဆိုပါတယ်။

လက်ရှိ မြွေအကိုက်ခံရသူ (၄) ဦးအနက် ဒီဇင်ဘာလ ၁၆ ရက်နေ့က မြွေကိုက်ခံရသူဟာ ပြင်းထန်တာကြောင့် ညတွင်းချင်း ကုသဖို့ ပို့ဆောင်ရတယ်လို့ စစ်ရှောင်ကူညီပေးသူ တစ်ဦးက ဆိုပါတယ်။ လတ်တလော အထိ မြေကိုက်ခံရမှုကြောင့် သေဆုံးသူ မရှိသေးဘူးလို့ စစ်ရှောင်တွေကပြောပါတယ်။

မြွေအကိုက်ခံသူတွေဟာ အသက် (၄၅) အရွယ်နဲ့ အသက် (၅၀) အရွယ်လည်း ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။

“မနေ့က တစ်ယောက်တော့ အသက် (၄၅) အရွယ်ဖြစ်တယ်၊ ကျန်နှစ်ယောက်တော့ ငယ်သေးတယ်။ မနေ့ကတစ်ယောက်တော့ စိုးရိမ်ရတယ်၊ အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ပါတယ်၊ ဆေးရုံသွားဖို့ ပြောထားတယ်၊ သူတို့သွားလား မသွားလားတော့ မသိဘူး၊ ဆေးတော့ ထိုးထားပေးလိုက်တာပေါ့။ သူ့ဟာက ၂၄ နာရီတော့ ကျော်သွားပြီ” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

ဖရူဆိုမြို့နယ်၊ အင်တောစစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ ၁၈၅ အိမ်ရှိပြီး၊ လူဦးရေ ၈၀၀ ကျော် ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ